ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားကို ဒီကနေ့ ရောက်ရှိ

- မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားကို ဒီကနေ့ ရောက်ရှိ - ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်နားက ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့မှုအတွင်း လူနှစ်ဆယ်ကျော်သေဆုံး - စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် MNDAA က သူတို့ထိန်းချုပ်ထားတဲ့ သီပေါနဲ့လားရှိုးအကြားက စဉ့်အင်ကျေးရွာမှာ အုပ်ချုပ်ရေးရုံးတစ်ရုံး ထပ်ဖွင့် - ယူကရိန်းနိုင်ငံတဝန်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၂၀ သေဆုံး - ပြင်သစ်မှာ နိုင်ငံတဝန်းဆန္ဒပြမှုတွေအတွင်း ရဲက အင်အားသုံး တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးပြော - ရုရှားက ဓာတ်ခွဲခန်းဝန်ထမ်း သေဆုံးခဲ့မှုမှာ အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိဖို့ WHO တိုက်တွန်း