ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုတွေ မြို့ပြမှာ ပိုဆိုးလာနေ
- အာရှအားကစားပွဲတော် Esports ပြိုင်ပွဲ Mobile Legends ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း အနိုင်ရလို့ ဗိုလ်လုပွဲ တက် - ကိုရီးယားစစ်မဲ့ဇုန်မှာ စစ်သား သုံးယောက် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဟာ မြောက်ကိုရီးယား လက်ချက်ဆိုတဲ့ တောင်ကိုရီးယားရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ - ဒူဘိုင်းကနေ တဲလ်အဗစ်မြို့ကို ပျံတဲ့ လေယာဉ်မှာ လေယာဉ်မှူးတွေကြား အခြေအတင် စကားများတဲ့ သတင်းထွက်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျမှာ လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ။ - ဂါဇာမှာ ဘတ်စ်ကားတစ်စီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပြီး လူငါးယောက် သေဆုံးသွားတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ပြော။ - ယူကရိန်းမှာ နိုင်ငံတစ်ဝန်း မနေ့ညက ရုရှားတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူငါးယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတဇလန်းစကီး ပြော။ - ဥရောပသမဂ္ဂရဲ့ Copernicus Atmosphere Monitoring Service အဖွဲ့ က အခုနှစ် အတွင်း အပူလှိုင်းတွေ၊ တောမီးလောင်ကျွမ်းမှုတွေနဲ့ လူသားတွေကြောင့်ဖြစ်တဲ့ ကာဗွန် ထုတ်လွှတ်မှုတွေ ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ အဆိုးရွားဆုံး အိုဇုန်း လေထုညစ်ညမ်းမှုကို ခံစားကြရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်။ -တရုတ် AI ကုမ္ပဏီ Moonshot က လုံခြုံရေးကုမ္ပဏီတစ်ခုက မော်ဒယ်တွေကို ပြန်သုံးသပ်မှု လုပ်နေတယ်လို့ ပြောပါတယ်။ -အမေရိကန် ပြည်ထောင်စု အလက်စကာပြည်နယ်Katmai အမျိုးသားဥယျာဉ်မှာ နှစ်စဉ် ကျင်းပတဲ့ "Fat Bear Week" ( ဝဖြိုးတဲ့ဝက်ဝံရွေးပွဲ) မှာ "89Backpack" ဆိုတဲ့ ဝက်ဝံက အနိုင်ရ။ - သီရိလင်္ကာမှာ အမြင့်ဆုံးတရားရုံးက ဝန်ကြီးဟောင်းတယောက်ကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ နှစ်သောင်း နဲ့ သတင်းစာ သုံးစောင်မှာ တောင်းပန်စာ ထုတ်ပြန်ပေးဖို့ အမိန့်ချမှတ်လိုက်တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၃ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၃၀ စက်တင်ဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
