ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, PRF ငွေကြေးထောက်ပံ့တယ်ဆိုပြီး လူအယောက် ၂၀ ကျော်ကို စစ်တပ်ဖမ်းဆီး

- ကျောက်တော်က အိန္ဒိယဈေးကို စစ်တပ် က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုမှာ သေဆုံးသူ ၅၀ ကျော်လာပြီး ဒဏ်ရာရသူ အယောက် ၆၀ နီးပါးရှိ။ - သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်းရွာတစ်ရွာကို အစ္စရေးအခြေချ နေထိုင်သူ တစ်ရာကျော်သည် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနေအိမ်ကနေ ထွက်ပြေးတိမ်းရှောင် နေရာက ပြန်ဝင်လာတဲ့ ပါလက်စတိုင်းမိသားစုကို တားဆီးပိတ်ပင်မှုတွေ လုပ်ခဲ့ကြပါတယ်။ - ပြီးခဲ့တဲ့အပတ်က ကိုရီးယားစစ်မဲ့ဇုန်မှာ စစ်သား သုံးယောက် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ရာ နေရာနားမှာ မြောက်ကိုရီးယား မြေမြှုပ်မိုင်းမှုန့်ကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပြီး ဒါဟာ မြောက်ကိုရီးယားဘက်က နှစ်ဖက် အပစ်ရပ်ရေး သဘောတူညီချက်ကို ထင်ထင်ရှားရှား ချိုးဖောက်ခဲ့တာ ဖြစ်တယ်၊ ဒီကိစ္စကို “လိုအပ်သလို အရေးယူဆောင်ရွက်” သွားမယ်လို့ တောင်ကိုရီးယား ဆိုပါတယ်။ - စင်ကာပူမှာ ဉာဏ်ရည်တုနဲ့ ဖန်တီးထားတဲ့ ရေလှောင်ကန်ထဲက မိကျောင်းပုံကို လူမှုကွန်ယက်ပေါ် တင်တယ်ဆိုပြီး မြန်မာ အမျိုးသားရဲလင်းဆိုသူကို ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။ - ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မိုးဆက်တိုက်ရက်ပေါင်း သုံးဆယ့်လေးရက်ရွာလို့ မှတ်တမ်းတင်သွားခဲ့ပြီး ဒါဟာ မှတ်တမ်းစရှိခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၄၀ အတွင်း အကြာဆုံးမိုးရွာမှု ဖြစ်ပါတယ်။

- ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီဖာ) ဟာ သူတို့အပေါ် သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စွပ်စွဲလိုက်ပြီး ဖီဖာကနေ အဆိုပြုခဲ့တဲ့ အဓိကပြိုင်ပွဲကြီးတွေရဲ့ ရှယ်ယာတွေ ရောင်းချဖို့နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြန်ပေးဖို့ ယူအီဖာက အမေရိကန်တရားရုံးတစ်ခုကတစ်ဆင့် ကြိုးပမ်းနေပြီး အဲဒီတရားရုံးမှာပဲ ဖီဖာက အဲဒီလို စွပ်စွဲတာ ဖြစ်ပါတယ်။ - OpenAI ဟာ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် သူ့ရဲ့ဉာဏ်ရည်တု(အေအိုင်)သစ် GPT-6.1 Astra ကို ထုတ်ပြန်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပြီး ဒီအေအိုင်စနစ်ဟာ ဝက်ဘ်ဆိုက်တွေ ကြည့်ရှုတာ၊ အက်ပ်တွေအသုံးပြုတာလို ကိစ္စတွေကို သူ့ဘာသာ လုပ်နိုင်တဲ့ စွမ်းရည်ရှိပေမဲ့ ကုမ္ပဏီရဲ့စံနှုန်းသတ်မှတ်ချက်ကို မပြည့်မီခဲ့ဘူးလို့ OpenAI ရဲ့လုံခြုံရေး စနစ်များ ဌာန ခေါင်းဆောင် ဆာချီ ဂျိန်းက ပြောတဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို