ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, စစ်တပ်ဟာ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလွိုင်ကော် ကို ရွှေ့ပြောင်းအခြေစိုက်ဖို့ ပြင်ဆင်နေ

- ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားရေး အခြေအနေတွေ ညံ့ဖျင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ကြောင့် ပဲရစ်မြို့မှာ မီးလောင်မှုတွေ ဖြစ်ကာ ကောလိပ်ကျောင်း သုံးကျောင်း ထိခိုက်ပျက်စီး - ဥရောပသမဂ္ဂ ဟာ လောင်စာဆီဈေး ဆက်မြင့်နေပြီး အမေရိကန် ဖိအားတွေပို တိုးလာနေချိန် လောင်စာဆီ သိုလှောင်ပမာဏတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြော - အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Gyanesh Kumar ဂနက်ရှ်ကူးမားဟာ အာဏာရ BJP ပါတီ အနိုင်ရအောင် မဲ စာရင်းကို ထိန်းချုပ် ပြင်ဆင်ခဲ့တယ်လို့ ဆိုကာ ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေကို ရဲကထိန်းသိမ်း - ထရမ့် သမ္မတ ပထမသက်တမ်းမှာ အတည်ပြုခဲ့သော ဒေါ်လာ ၈ ဘီလီယံ ဖိုးရှိတဲ့ F-16V တိုက်လေယာဉ် ၆၆ စင်း ဝယ်ယူရေး သဘောတူညီမှုရဲ့ ပထမအသုတ် တိုက်လေယာဉ် နှစ်စင်း ထိုင်ဝမ်ကိုရောက်ရှိ။ - OpenAI ရဲ့ အရေးကြီး အချက်အလက်တွေကို ကိုင်တွယ်ရာမှာ မလျော် ဆောင်ရွက် ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သုတေသီ သုံးဦးကို အလုပ်က ထုတ်ပစ်။ - နည်းပြ ဂျော့ချ်ဂျီးဆပ်နဲ့ ပြဿနာတက်ပြီး ပေါ်တူဂီလူစာရင်းကနေ ရော်နယ်ဒို ထွက်ခွာသွားတဲ့နောက် အသင်းမှာ အနှစ်နှစ်ဆယ်နီးပါး သူစိုးမိုးခဲ့တဲ့ ကျောနံပါတ် ၇ ကို ရာဖေးလီယောင်းကို ပေးခဲ့ပြီး “ရော်နယ်ဒို မရှိလည်းဖြစ်တယ်” ဆိုတဲ့ ပုံစံကို ပြသခဲ့။ - တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့က Bukang-i ဘူကောင်းအိလို့ အမည်ပြောင်ပေးထားတဲ့ အရှည် သုံးမီတာခွဲရှိ ဒီငါးကြီး ရေမြောင်းထဲ ပိတ်မိနေလို့ လွတ်မြောက်ဖို့ ထပ်ကြိုးစားခဲ့ရာမှာ ပိုက်ကွန်ငြိနေလို့ ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို