ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားစစ်ကို ဆန့်ကျင်တဲ့ ပါတီရွေးကောက်ပွဲ ဝင်ခွင့် အပိတ်ခံရ
ရုရှားစစ်ကို ဆန့်ကျင်တဲ့ ပါတီရွေးကောက်ပွဲ ဝင်ခွင့် အပိတ်ခံရ
ရေးသားခဲ့သည်။
ရုရှား က မော်စကို မြို့တော်မှာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ရပ်ဖို့ တောင်းဆိုတဲ့ နိုင်ငံရေး ပါတီကို ထောက်ခံသူ ဒါဇင်နဲ့ ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ ရုရှား တရားရုံးကချုပ်က ယာဘလိုကို ပါတီကိုလည်း လာမယ့် စက်တင်ဘာလထဲ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း အတည်ပြုပါတယ်။ အဲဒီ ပါတီက အကြီးတန်း ခေါင်းဆောင်တဦးကိုလည်း ရုရှားတိုက်နေတဲ့ စစ်ကို ဝေဖန်တဲ့ အတွက် ထောင်ဒဏ် ၁၁ နှစ်ထက်မနည်း ပြစ်ဒဏ်ချခဲ့ပါတယ်။ ရုရှား ရေးရာ အယ်ဒီတာ စတိ ရိုဇင်ဘတ်ဂ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။