ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးခေါင်းသွားကိုင်မိလို့ အဖေကတွန်းထိုးတာခံလိုက်ရတဲ့ အဘိုးကြီး
စင်္ကာပူက စားသောက်ဆိုင်တန်းတစ်ခုမှာ မိဘတွေနဲ့ ထိုင်နေတဲ့ ကလေးမလေးကို ဘေးနားကဖြတ်သွားတဲ့ ၇၃ နှစ်အရွယ်လူကြီးက ခေါင်းကိုပုတ်လိုက်တဲ့အချိန် ကလေးမလေးရဲ့ အဖေက ထလာပြီး လူကြီးကို တွန်းလှဲလိုက်တာကို စီစီတီဗီက တွေ့ရတာပါ။ အဲဒီ ဗီဒီယိုက အွန်လိုင်းမှာ ပျံ့သွားပြီးတဲ့နောက် စင်္ကာပူကလူတွေကြား အမြင်အမျိုးမျိုး မှတ်ချက်အမျိုးမျိုးတွေ ပေးနေပါတယ်။ တချို့ကလည်း အဘိုးကြီးဟာ မိဘခွင့်ပြုချက်မရှိဘဲ ကလေးကိုသွားမထိမကိုင်သင့်ဘူးလို့ ပြောကြသလို တချို့ကလည်း ကလေးရဲ့ ခေါင်းလေးကို သွားပုတ်မိတာနဲ့ ဒီလောက်အကြမ်းနည်းနဲ့ တုံ့ပြန်တဲ့ ဖခင်ကို ဝေဖန်နေကြပါတယ်။
အဘိုးကြီးက အဲဒီ စားသောက်တန်းမှာပဲ ခေါက်ဆွဲဆိုင်ဖွင့်ထားသူပါ။ သူ့ကို တွန်းလှဲခဲ့တဲ့ လူရွယ်က ပြန်တောင်းပန်ပြီး အအေးဝယ်တိုက်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ အဘိုးကြီးရဲ့သားက ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။ ရဲက အခုတော့ စုံစမ်းစစ်ဆေးနေပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #စင်္ကာပူ #သက်ကြီးရွယ်အို