ရန်ကုန်မှာ ခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့ တိုက်တွေကို စည်ပင် လိုက်လံ စစ်ဆေး

ရန်ကုန်မှာ ခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့ တိုက်တွေကို စည်ပင် လိုက်လံ စစ်ဆေး
ရေးသားခဲ့သည်။

ရန်ကုန်မြို့ပေါ်ကနေရာတချို့မှာ ခွင့်ပြုချက်မရရှိသေးဘဲ ဆောက်လုပ်ထားတဲ့တိုက်တွေနဲ့ လူနေထိုင်ခွင့်လက်မှတ် (ဘီစီစီ) မရရှိသေးဘဲ လူတွေနေထိုင်နေတဲ့ အဆောက်အအုံတွေမှာ လူတွေ ဆက်မနေဖို့နဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ရန်ကုန်စည်ပင်ဌာနကနေ တားမြစ်စာ လာကပ်တာတွေ ရှိနေပါတယ်။ လတ်တလောမှာတော့ ရန်ကုန်မြို့ပေါ် စမ်းချောင်းမြို့နယ်ထဲက ရပ်ကွက်တချို့မှာ အခုလို ကြေညာချက်တွေကပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကန်ထရိုက် တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။