နှစ် ၅၀ သက်တမ်းရှိ အမဲသားပြုတ်ရည်နဲ့ ခေါက်ဆွဲရောင်းတဲ့ဆိုင်
နှစ် ၅၀ သက်တမ်းရှိ အမဲသားပြုတ်ရည်နဲ့ ခေါက်ဆွဲရောင်းတဲ့ဆိုင်
ရေးသားခဲ့သည်။
ဘန်ကောက်က အမဲသားပြုတ်ရည်ခေါက်ဆွဲ (ကွေ့တီယို) ဆိုင်တစ်ဆိုင်ဟာ မိသားစုစဥ်ဆက် ရောင်းလာတဲ့ အမဲသားပြုတ်ရည်ကို နေ့စဥ် နည်းနည်းချင်း သိမ်းလို့ နှစ် ၅၀ ကျော် အိုးထဲမှာ ထည့်ပြီး ရောင်းချလာခဲ့တာပါ။ အက်ကာမိုင်ရပ်ကွက်မှာ ရှိတဲ့ Wattana Panich ဆိုင်မှာ အဲဒီ အမဲသားပြုတ်ရည်ခေါက်ဆွဲစားချင်လို့ကို နိုင်ငံခြားကနေ လာစားကြသူတွေ ရှိပါတယ်။ ဟင်းချက်နည်းရယ်လို့ သီးသန့်မရှိဘဲ မိသားစုတွင်း လက်ဆင့်ကမ်းသယ်လာတဲ့ နည်းတွေနဲ့ ဟင်းရည်ကို နေ့စဥ်စမ်းသပ် အရသာမြည်းပြီး ချက်တာလို့ တတိယမျိုးဆက်ဆိုင်ရှင် နာတာပွန် ကာဝီယန်တာဝမ်က ပြောပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ထိုင်း #ကွေ့တီယို #အမဲသားပြုတ်ရည်ခေါက်ဆွဲ #စားသောက်စရာ



