စစ်မှုထမ်း ဥပဒေ နဲ့ တိတ်ဆိတ်သွားတဲ့ ရန်ကုန်ညများ
စစ်မှုထမ်း ဥပဒေ နဲ့ တိတ်ဆိတ်သွားတဲ့ ရန်ကုန်ညများ
ရေးသားခဲ့သည်။
အခုတလော ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းကမြို့ကြီးတွေမှာ လူငယ်တွေကိုဦးတည်ပြီး ပစ်မှတ်ထားဖမ်းဆီးတာတွေ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။ စစ်မှုထမ်း အပတ်စဥ် ဆယ်နဲ့ချီဖွင့်ခဲ့ပြီး စစ်မှုထမ်းတိမ်းရှောင်သူတွေရှိနေတယ်လို့ အာဏာပိုင်တွေက ပြောလာခဲ့တဲ့နောက် အခုလို ဖမ်းဆီးတာ၊ လူပျောက်ဆုံးတာတွေ ပိုဖြစ်လာနေပါတယ်။ အရပ်ဝတ်တွေနဲ့ နေ့ရောညပါ ဖမ်းဆီးမှုတွေ တိုးလာလို့ စစ်တပ်ထောက်ခံသူတွေတောင် စစ်မှုထမ်း စနစ် ယာယီရပ်ပြီး ဒီလို လုပ်ရပ်တွေကိုဖော်ထုတ်အရေးယူဖို့ ပြောတဲ့အထိဖြစ်လာနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် စီးပွားရေး မြို့တော် ရန်ကုန်မှာ ညနေ နေဝင်ချိန်ရောက်တာနဲ့ တိတ်ဆိတ်လို့နေပါတယ်။ ကိုထက်နိုင်ဇော်က သတင်းပေးပို့ထားပါတယ်။



