နျူကလီးယား လက်နက်သုံးနိုင်တယ်လို့ ရုရှား ထုတ်ပြောလာ
နျူကလီးယား လက်နက်သုံးနိုင်တယ်လို့ ရုရှား ထုတ်ပြောလာ
ရေးသားခဲ့သည်။
ဘောလ်တစ် ဒေသမှာ ရှိတဲ့ ရုရှား ပိုင်နက် ကလင်နင်ဂရက်ကို တိုက်ခိုက်လာတယ်လို့ ယူဆရင် လက်ဝယ်ရှိတဲ့ လက်နက်အားလုံးကို သုံးစွဲပြီး ပြန်လည် တိုက်ခိုက် သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားပါတယ်။ လစ်သူရေးနီးယား၊ ပိုလန် တို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဒီနယ်မြေကို ပိတ်ဆို့ဖို့ နေတိုး အဖွဲ့က ပြင်ဆင်နေတယ်လို့လည်း ရုရှားဘက်က ဒီတစ်ပတ်လုံးမှာ စွပ်စွဲဆိုမှုတွေ လုပ်နေပါတယ်။ မော်စကိုမှာ လုပ်တဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဖိုရမ်မှာလည်း သမ္မတ ပူတင် မိန့်ခွန်း ပြောကြားခဲ့ပြီး၊ ယူကရိန်း စစ်ပွဲ နဲ့ အနောက်နိုင်ငံတွေရဲ့ ရုရှား အပေါ် ဆက်ဆံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီ ဖိုရမ်ကို သွားခဲ့တဲ့ ဘီဘီစီ ရုရှား ရေးရာ သတင်းအယ်ဒီတာ စတိဗ် ရိုဇင်ဘာ့ဂ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးထားပါတယ်။



