ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး - ဘဝပုံရိပ်များ

လန်ဒန် ရွိုင်ရယ်လ် အဲလ်ဘတ်ခန်းမကို လာရောက်ခဲ့စဥ်က ဘုရင်မကြီး
ရေးသားခဲ့သည်။

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ သူ့ရဲ့ဘဝကို လူအများ အာရုံစူးစိုက်စောင့်ကြည့်မှုအောက်မှာ နေထိုင် ဖြတ်သန်းခဲ့ပါတယ်။ သူရဲ့ ကလေးဘဝကနေ၊ နန်းလျာဘဝ၊ ဗြိတိန်ရဲ့ နန်းသက် အရှည်ဆုံး စိုးစံသူ ဘဝတစ်လျှောက် ပုံရိပ်တွေကို ပြန်ပြောင်း ကြည့်ရှုရအောင်ပါ။

1px transparent line
အဲလစ်ဇဘက် အလက်ဇန္ဒြား မယ်ရီ ဝင်ဆာကို ၁၉၂၆ ခုနှစ် မှာ လန်ဒန် ဘာကလီစကွဲအနီးက အိမ်မှာ မွေးဖွားခဲ့ပါတယ်။ ပဉ္စမမြောက် ဂျော့ချ် ဘုရင်ရဲ့ ဒုတိယသားတော် ယော့ခ်မြို့စား အဲလ်ဘတ်နဲ့ ကြင်ယာတော် လေဒီ အဲလစ်ဇဘက် ဘိုးစ် လီယွန်တို့ရဲ့ ပထမမြောက် သမီးတော်အဖြစ် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, အဲလစ်ဇဘက် အလက်ဇန္ဒြား မယ်ရီ ဝင်ဆာကို ၁၉၂၆ ခုနှစ် မှာ လန်ဒန် ဘာကလီစကွဲအနီးက အိမ်မှာ မွေးဖွားခဲ့ပါတယ်။ ပဉ္စမမြောက် ဂျော့ချ် ဘုရင်ရဲ့ ဒုတိယသားတော် ယော့ခ်မြို့စား အဲလ်ဘတ်နဲ့ ကြင်ယာတော် လေဒီ အဲလစ်ဇဘက် ဘိုးစ် လီယွန်တို့ရဲ့ ပထမမြောက် သမီးတော်အဖြစ် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
1px transparent line
သူမွေးဖွားလာစဉ်က တချိန်မှာ ဗြိတိသျှ ထီးနန်းကို ဆက်ခံရမယ်လို့ ဘယ်သူမှ တွေးထင်ခဲ့ကြမှာ မဟုတ်ပါဘူး။ ဒါကတော့ ဘုရင်မကြီး အသက် ၃ နှစ် အရွယ်ပါ။
ဓာတ်ပုံ ပုံစာ, သူမွေးဖွားလာစဉ်က တချိန်မှာ ဗြိတိသျှ ထီးနန်းကို ဆက်ခံရမယ်လို့ ဘယ်သူမှ တွေးထင်ခဲ့ကြမှာ မဟုတ်ပါဘူး။ ဒါကတော့ ဘုရင်မကြီး အသက် ၃ နှစ် အရွယ်ပါ။
1px transparent line
ဝင်ဆာနန်းတော်မှာ အစိုးအရာရှိတွေကို နှုတ်ဆက်နေစဥ်
ဓာတ်ပုံ ပုံစာ, ဒါပေမဲ့ ဘုရင်မကြီးရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက ငယ်စဉ်ကတည်းက ပြောစမှတ် ဖြစ်ခဲ့ပါတယ်။
1px transparent line
အဲလစ်ဇဘက်ရော ၁၉၃၀ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ သူ့ညီမတော် မာဂရက် ရို့စ်ရော နေအိမ်မှာပဲ ပညာသင်ယူခဲ့ကြပါတယ်။
ဓာတ်ပုံ ပုံစာ, အဲလစ်ဇဘက်ရော ၁၉၃၀ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ သူ့ညီမတော် မာဂရက် ရို့စ်ရော နေအိမ်မှာပဲ ပညာသင်ယူခဲ့ကြပါတယ်။
1px transparent line
၁၉၃၆ မှာ အဋ္ဌမမြောက် အက်ဒွပ် ဘုရင် နန်းစွန့်သွားတဲ့အတွက် အဲလစ်ဇဘက်ရဲ့ ဖခင်က ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်အဖြစ် ဆက်ခံခဲ့ရပြီး သူလည်း နန်းလျာဖြစ်လာခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၃၆ မှာ အဋ္ဌမမြောက် အက်ဒွပ် ဘုရင် နန်းစွန့်သွားတဲ့အတွက် အဲလစ်ဇဘက်ရဲ့ ဖခင်က ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်အဖြစ် ဆက်ခံခဲ့ရပြီး သူလည်း နန်းလျာဖြစ်လာခဲ့ပါတယ်။
1px transparent line
ဒုတိယကမ္ဘာစစ်အတွင်းမှာ အဲလစ်ဇဘက်နဲ့ ညီမတော် မာဂရက်တို့ကို ဝင်ဆာနန်းတော်ထဲကို ခေါ်ယူ စောင့်ရှောက်ထားပါတယ်။ ဒီပုံကတော့ ဘီဘီစီ ကလေးများကဏ္ဍအစီအစဥ်အတွက် ထုတ်လွှင့်နေကြတဲ့ အဲလစ်ဇဘက် (ညာ)နဲ့ မာဂရက်တို့ပါ။
ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်အတွင်းမှာ အဲလစ်ဇဘက်နဲ့ ညီမတော် မာဂရက်တို့ကို ဝင်ဆာနန်းတော်ထဲကို ခေါ်ယူ စောင့်ရှောက်ထားပါတယ်။ ဒီပုံကတော့ ဘီဘီစီ ကလေးများကဏ္ဍအစီအစဥ်အတွက် ထုတ်လွှင့်နေကြတဲ့ အဲလစ်ဇဘက် (ညာ)နဲ့ မာဂရက်တို့ပါ။
1px transparent line
ဒုတိယကမ္ဘာစစ်အတွင်း စစ်တပ်ယာဥ်တစ်စီးကို ဘီးလဲပေးနေတဲ့ အဲလစ်ဇဘက် မင်းသမီး
ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်အတွင်း စစ်တပ်ယာဥ်တစ်စီးကို ဘီးလဲပေးနေတဲ့ အဲလစ်ဇဘက် မင်းသမီးပါ။
1px transparent line
၁၉၄၇ မှာ သုံးဝမ်းကွဲ အစ်ကို တော်စပ်သူ ဖိလစ် မောင့်ဘက်တန်နဲ့ လက်ထပ်ခဲ့ပြီး ကြင်ယာတော်က အက်ဒင်ဘရာ မြို့စားကြီး ဖြစ်လာခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၄၇ မှာ သုံးဝမ်းကွဲ အစ်ကို တော်စပ်သူ ဖိလစ် မောင့်ဘက်တန်နဲ့ လက်ထပ်ခဲ့ပြီး ကြင်ယာတော်က အက်ဒင်ဘရာ မြို့စားကြီး ဖြစ်လာခဲ့ပါတယ်။
1px transparent line
သူတို့ရဲ့ ပထမဆုံးသား ချားလ်စ်(ပုံပါ)ကို ၁၉၄၈ မှာ မွေးဖွားခဲ့ပြီး ဒုတိယမြောက် သမီးတော် အဲန်းကို ၁၉၅၀ မှာ မွေးဖွားခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, သူတို့ရဲ့ ပထမဆုံးသား ချားလ်စ်(ပုံပါ)ကို ၁၉၄၈ မှာ မွေးဖွားခဲ့ပြီး ဒုတိယမြောက် သမီးတော် အဲန်းကို ၁၉၅၀ မှာ မွေးဖွားခဲ့ပါတယ်။
1px transparent line
အဲလစ်ဇဘက်ဟာ ဘဝတစ်လျှောက်လုံး သူ့မိခင်နဲ့ ရင်းရင်းနှီးနှီး ဆက်ရှိခဲ့ပါတယ်။ ဒါကတော့ ၁၉၅၁ မှာ မင်္ဂလာဆောင် အခမ်းအနားတစ်ခု သူတို့ တက်ရောက်လာပုံပါ။
ဓာတ်ပုံ ပုံစာ, အဲလစ်ဇဘက်ဟာ ဘဝတစ်လျှောက်လုံး သူ့မိခင်နဲ့ ရင်းရင်းနှီးနှီး ဆက်ရှိခဲ့ပါတယ်။ ဒါကတော့ ၁၉၅၁ မှာ မင်္ဂလာဆောင် အခမ်းအနားတစ်ခု သူတို့ တက်ရောက်လာပုံပါ။
1px transparent line
၁၉၅၂ မှာ အဲလစ်ဇဘက်နဲ့ ဖိလစ်တို့ မကျန်းမာနေတဲ့ သူ့ဖခင် ကိုယ်စား ပြည်ပခရီးတစ်ခု သွားရောက်ခဲ့ကြပါတယ်။ ရက်ပိုင်းအကြာမှာတော့ ဘုရင်ကြီးဟာ အိပ်ပျော်နေစဥ် ကွယ်လွန်သွားပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၅၂ မှာ အဲလစ်ဇဘက်နဲ့ ဖိလစ်တို့ မကျန်းမာနေတဲ့ သူ့ဖခင် ကိုယ်စား ပြည်ပခရီးတစ်ခု သွားရောက်ခဲ့ကြပါတယ်။ ရက်ပိုင်းအကြာမှာတော့ ဘုရင်ကြီးဟာ အိပ်ပျော်နေစဥ် ကွယ်လွန်သွားပါတယ်။
1px transparent line
အဲလစ်ဇဘက်လည်း အိမ်ကို ချက်ချင်း ပြန်လာရပါတယ်။ ဘုရင်မအဖြစ်နဲ့ ပြန်လာရတဲ့သူဟာ အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။
ဓာတ်ပုံ ပုံစာ, အဲလစ်ဇဘက်လည်း နိုင်ငံကို ချက်ချင်း ပြန်လာရပါတယ်။ ဘုရင်မအဖြစ်နဲ့ ပြန်လာရတဲ့သူဟာ အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။
1px transparent line
ဖခင် ဘုရင်ကြီးရဲ့ စျာပန။ ဘုရင်ကြီးရဲ့ မိခင် မယ်ရီ မိဖုရားကြီးက ရုပ်အလောင်း ပြည်သူတွေ ဂါရဝပြုခံဖို့ ဝက်စ်မင်န်စတာခန်းမကို သယ်ဆောင်လာမှာကို စောင့်ကြည့်နေပါတယ်။ အဲလစ်ဇဘက်ဘုရင်မက သူ့မိခင်နဲ့ အဘွား (အလယ်) တို့ရဲ့ အနောက်မှာ ရပ်နေပါတယ်။
ဓာတ်ပုံ ပုံစာ, ဖခင် ဘုရင်ကြီးရဲ့ စျာပန။ ဘုရင်ကြီးရဲ့ မိခင် မယ်ရီ မိဖုရားကြီးက ရုပ်အလောင်း ပြည်သူတွေ ဂါရဝပြုခံဖို့ ဝက်စ်မင်န်စတာခန်းမကို သယ်ဆောင်လာမှာကို စောင့်ကြည့်နေပါတယ်။ အဲလစ်ဇဘက်ဘုရင်မက သူ့မိခင်နဲ့ အဘွား (အလယ်) တို့ရဲ့ အနောက်မှာ ရပ်နေပါတယ်။
1px transparent line
အဲဒီနောက် ၁၉၅၃ မှာ ဝက်စ်မင်န်စတာ ဘုရားကျောင်းမှာ နန်းတက်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, အဲဒီနောက် ၁၉၅၃ မှာ ဝက်စ်မင်န်စတာ ဘုရားကျောင်းမှာ နန်းတက်ခဲ့ပါတယ်။
1px transparent line
နန်းတက်အခမ်းအနား ပြီးတဲ့နောက် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မနဲ့ ကြင်ယာတော် အက်ဒင်ဘရာမြို့စားတို့က ဂုဏ်ပြုဖို့ စောင့်ဆိုင်းနေတဲ့ လူထုကို ဘာကင်ဟမ်နန်းတော် လေသာဆောင်ကနေ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။
ဓာတ်ပုံ ပုံစာ, နန်းတက်အခမ်းအနား ပြီးတဲ့နောက် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မနဲ့ ကြင်ယာတော် အက်ဒင်ဘရာမြို့စားတို့က ဂုဏ်ပြုဖို့ စောင့်ဆိုင်းနေတဲ့ လူထုကို ဘာကင်ဟမ်နန်းတော် လေသာဆောင်ကနေ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။
1px transparent line
ဒုတိယကမ္ဘာစစ်ပြီးစ လေးလံထိုင်းမှိုင်းတဲ့ အငွေ့အသက်တွေကို သူတို့လက်ထပ်ပွဲက ပြန်ပြီး တောက်ပလင်းလက်လာစေခဲ့တယ်လို့ တချို့က ပြောပါတယ်။ ဒါက ပြင်သစ်က ပြဇာတ်ရုံမှာ တွေ့ရပုံပါ။
ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်ပြီးစ လေးလံထိုင်းမှိုင်းတဲ့ အငွေ့အသက်တွေကို သူတို့လက်ထပ်ပွဲက ပြန်ပြီး တောက်ပလင်းလက်လာစေခဲ့တယ်လို့ တချို့က ပြောပါတယ်။ ဒါက ပြင်သစ်က ပြဇာတ်ရုံမှာ တွေ့ရပုံပါ။
1px transparent line
ခရစ်စမတ်နှုတ်ဆက်စကားတွေ တိုင်းပြည်ကို ထုတ်လွှင့်ပြောဆိုခဲ့တဲ့ ဘုရင်မကြီးရဲ့ ၁၉၅၇ ခုနှစ် ပထမဆုံးအကြိမ် ရုပ်သံက နှုတ်ဆက်စကား ပြောကြားပုံပါ။
ဓာတ်ပုံ ပုံစာ, ခရစ်စမတ်နှုတ်ဆက်စကားတွေ တိုင်းပြည်ကို ထုတ်လွှင့်ပြောဆိုခဲ့တဲ့ ဘုရင်မကြီးရဲ့ ၁၉၅၇ ခုနှစ် ပထမဆုံးအကြိမ် ရုပ်သံက နှုတ်ဆက်စကား ပြောကြားပုံပါ။
1px transparent line
ဗြိတိသျှ လူထု အသိုင်းအဝိုင်းရဲ့ ဘုရင်စနစ်အပေါ် သဘောထားက ပြောင်းလဲလာပြီး ဘုရင်စနစ်ဆိုတဲ့ အသုံးအနှုန်းအစား တော်ဝင်မိသားစုဆိုတဲ့ အသုံးကို တစ်ဖြည်းဖြည်း ပြောင်းသုံးခဲ့ပါတယ်။ ဒါကတော့ ၁၉၅၈ မှာ ဂတ်ဝစ်ခ် လေဆိပ်ဖွင့်ပွဲအပြီး ဆပ်ဆက်စ်က ဟားမန်းမိသားစုဆီ လာရောက်စဥ် အိမ်နီးနားချင်းတွေက စိတ်ဝင်စားနေကြပုံပါ။
ဓာတ်ပုံ ပုံစာ, ဗြိတိသျှ လူထု အသိုင်းအဝိုင်းရဲ့ ဘုရင်စနစ်အပေါ် သဘောထားက ပြောင်းလဲလာပြီး ဘုရင်စနစ်ဆိုတဲ့ အသုံးအနှုန်းအစား တော်ဝင်မိသားစုဆိုတဲ့ အသုံးကို တစ်ဖြည်းဖြည်း ပြောင်းသုံးခဲ့ပါတယ်။ ဒါကတော့ ၁၉၅၈ မှာ ဂတ်ဝစ်ခ် လေဆိပ်ဖွင့်ပွဲအပြီး ဆပ်ဆက်စ်က ဟားမန်းမိသားစုဆီ လာရောက်စဥ် အိမ်နီးနားချင်းတွေက စိတ်ဝင်စားနေကြပုံပါ။
1px transparent line
တာဝန်တွေ တစ်ခုနဲ့တစ်ခုကြား အဲလစ်ဇဘက်က မိသားစုကို အချိန်ပေးခဲ့ပါတယ်။ ဒါက သမီးတော် အဲန်း မင်းသမီးနဲ့ ဝင်ဆာရဲတိုက် ဖော့ခ်မော အိမ်တော်မှာပါ။
ဓာတ်ပုံ ပုံစာ, တာဝန်တွေ တစ်ခုနဲ့တစ်ခုကြား အဲလစ်ဇဘက်က မိသားစုကို အချိန်ပေးခဲ့ပါတယ်။ ဒါက သမီးတော် အဲန်း မင်းသမီးနဲ့ ဝင်ဆာရဲတိုက် ဖော့ခ်မော အိမ်တော်မှာပါ။
1px transparent line
လန်ဒန် ဝင်ဘလေကွင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်က အနောက်ဂျာမနီကို အချိန်ပိုကစားပြီး ၄ ဂိုး- ၂ ဂိုးနဲ့ နိုင်ပြီးနောက် ဘုရင်မက ဆုဖလားကို အင်္ဂလန် အသင်းခေါင်းဆောင် ဘော်ဘီမိုးကို ချီးမြှင့်ခဲ့
ဓာတ်ပုံ ပုံစာ, လန်ဒန် ဝင်ဘလေကွင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်က အနောက်ဂျာမနီကို အချိန်ပိုကစားပြီး ၄ ဂိုး- ၂ ဂိုးနဲ့ နိုင်ပြီးနောက် ဘုရင်မက ဆုဖလားကို အင်္ဂလန် အသင်းခေါင်းဆောင် ဘော်ဘီမိုးကို ချီးမြှင့်ခဲ့
1px transparent line
၁၉၆၆ အောက်တိုဘာ ၂၉ မှာ ဘုရင်မကြီး ဝေလနယ် အက်ဘာဖန်ရွာကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ကျောက်မီးသွေးမိုင်း မတော်တဆမှု ဖြစ်ရပ်အပြီး ၈ ရက်အကြာမှာ ရောက်လာခဲ့တာပါ။ အဲဒီတုန်းက သေဆုံးသူ ၁၄၄ ယောက်ထဲမှာ အလယ်တန်းကျောင်းတစ်ကျောင်းက ကျောင်းသား ၁၄၄ ဦး ပါဝင်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၆၆ အောက်တိုဘာ ၂၉ မှာ ဘုရင်မကြီး ဝေလနယ် အက်ဘာဖန်ရွာကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ကျောက်မီးသွေးမိုင်း မတော်တဆမှု ဖြစ်ရပ်အပြီး ၈ ရက်အကြာမှာ ရောက်လာခဲ့တာပါ။ အဲဒီတုန်းက သေဆုံးသူ ၁၄၄ ယောက်ထဲမှာ အလယ်တန်းကျောင်းတစ်ကျောင်းက ကျောင်းသား ၁၁၆ ဦး ပါဝင်ခဲ့ပါတယ်။
1px transparent line
၁၉၆၉ ခုနှစ်မှာ တော်ဝင်မိသားစုရဲ့ မှတ်တမ်းရုပ်ရှင်ကို ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့ပါတယ်။ အရင်က သူတို့ရဲ့ သီးသန့်ဘဝကို လူထုက မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ကြရတာပါ။
ဓာတ်ပုံ ပုံစာ, ၁၉၆၉ ခုနှစ်မှာ တော်ဝင်မိသားစုရဲ့ မှတ်တမ်းရုပ်ရှင်ကို ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့ပါတယ်။ အရင်က သူတို့ရဲ့ သီးသန့်ဘဝကို လူထုက မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ကြရတာပါ။
ဝေလနယ် ကာဒစ်ဖ်မြို့က ကနာဗန်ရဲတိုက်မှာ ချားလ်မင်းသားကို ဘုရင်မက တရားဝင် ဝေလမင်းသားဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ဝေလနယ်က ကနာဗန်ရဲတိုက်မှာ ချားလ်မင်းသားကို ဘုရင်မက တရားဝင် ဝေလမင်းသားဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
1px transparent line
ဘုရင်မကြီးရဲ့ နန်းသက်တစ်လျှောက် ခွေးလေးတွေကို အနားမှာထားတဲ့ ပုံတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒါဟာ သူ့ဖခင်ကြီးက ၁၉၃၃ မှာ သမီးတော်တွေကို ဒေါ်ဂီလို့ ခေါ်တဲ့ ခွေးလေး ဝယ်ယူပေးခဲ့ပြီးကတည်းက သူတို့မိသားစုမှာ ဒီအကောင်ငယ်လေးတွေ စရှိလာခဲ့ကြတာပါ။
ဓာတ်ပုံ ပုံစာ, ဘုရင်မကြီးရဲ့ နန်းသက်တစ်လျှောက် ခွေးလေးတွေကို အနားမှာထားတဲ့ ပုံတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒါဟာ သူ့ဖခင်ကြီးက ၁၉၃၃ မှာ သမီးတော်တွေကို ဒေါ်ဂီလို့ ခေါ်တဲ့ ခွေးလေး ဝယ်ယူပေးခဲ့ပြီးကတည်းက သူတို့မိသားစုမှာ ဒီအကောင်ငယ်လေးတွေ စရှိလာခဲ့ကြတာပါ။
1px transparent line
ဘုရင်မကြီးရဲ့ နန်းသက် ၂၅ နှစ်ပြည့် ငွေရတုပွဲကို ၁၉၇၇ မှာ ကျင်းပခဲ့ပုံ
ဓာတ်ပုံ ပုံစာ, ဘုရင်မကြီးရဲ့ နန်းသက် ၂၅ နှစ်ပြည့် ငွေရတုပွဲကို ၁၉၇၇ မှာ ကျင်းပခဲ့ပါတယ်။
1px transparent line
ဘုရင်မကြီးဟာ သီတင်း ၁၀ ပတ်အတွင်း နိုင်ငံ ၃၆ နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ နန်းသက် ငွေရတုပွဲ ဆင်နွှဲကြတဲ့ နိုင်ငံတွေဆီ ကမ္ဘာတစ်ပတ် မိုင်ပေါင်း ၅၆,၀၀၀ သွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ဘုရင်မကြီးဟာ သီတင်း ၁၀ ပတ်အတွင်း နိုင်ငံ ၃၆ နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ နန်းသက် ငွေရတုပွဲ ဆင်နွှဲကြတဲ့ နိုင်ငံတွေဆီ ကမ္ဘာတစ်ပတ် မိုင်ပေါင်း ၅၆,၀၀၀ သွားခဲ့တာ ဖြစ်ပါတယ်။
ခပ်နိမ့်နိမ့်ပျံသန်းသွားတဲ့ ကွန်းကော့လေယာဥ်ကို ရွက်လှေပေါ်ကနေ လက်ပြနှုတ်ဆက်နေတဲ့ ဘုရင်မကြီးနဲ့ မြို့စားကြီး
ဓာတ်ပုံ ပုံစာ, ခပ်နိမ့်နိမ့်ပျံသန်းသွားတဲ့ ကွန်းကော့လေယာဥ်ကို ရွက်လှေပေါ်ကနေ လက်ပြနှုတ်ဆက်နေတဲ့ ဘုရင်မကြီးနဲ့ မြို့စားကြီးတို့ ဖြစ်ပါတယ်။
1px transparent line
နယူးဇီလန်က ပိုလီနီးရှားပွဲတော်ကို တက်ရောက်ခဲ့တဲ့ ဘုရင်မကြီး။ နှစ်တွေ ကြာလာတာနဲ့အမျှ ဘုရင်မကြီးရဲ့ တာဝန်ထမ်းဆောင်မှုတွေက ဆက်တိုက်ဆက်ရှိနေခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, နယူးဇီလန်က ပိုလီနီးရှားပွဲတော်ကို တက်ရောက်ခဲ့တဲ့ ဘုရင်မကြီး။ နှစ်တွေ ကြာလာတာနဲ့အမျှ ဘုရင်မကြီးရဲ့ တာဝန်ထမ်းဆောင်မှုတွေက ဆက်တိုက်ဆက်ရှိနေခဲ့ပါတယ်။
1px transparent line
၁၉၇၉ မှာ ဖိလစ်မင်းသားကြီးရဲ့ ဦးရီးတော်နဲ့ ဘုရင်မကြီးရဲ့ ဆွေမျိုးတော်စပ်သူ မြန်မာပြည်စား အားလ်မောင့်ဘက်တန် အိုင်အာအေ အိုင်းရစ်သူပုန်တွေက သူ့ရဲ့သင်္ဘောကို ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် အိုင်ယာလန်မှာ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ စျာပနကို လန်ဒန် ဝက်စ်မင်န်စတာ ကျောင်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၇၉ မှာ ဖိလစ်မင်းသားကြီးရဲ့ ဦးရီးတော်နဲ့ ဘုရင်မကြီးရဲ့ ဆွေမျိုးတော်စပ်သူ မြန်မာပြည်စား အားလ်မောင့်ဘက်တန် အိုင်အာအေ အိုင်းရစ်သူပုန်တွေက သူ့ရဲ့သင်္ဘောကို ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် အိုင်ယာလန်မှာ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ စျာပနကို လန်ဒန် ဝက်စ်မင်န်စတာ ကျောင်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။
1px transparent line
၁၉၈၁ မှာ ဘုရင်မကြီးရဲ့ အကြီးဆုံးသားတော် ချားလ်မင်းသားစ်က လေဒီ ဒိုင်ယာနာ စပန်ဆာနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦး မကွာရှင်းခင်မှာ သားနှစ်ဦး မွေးဖွားခဲ့ပါတယ်။ ဒိုင်ယာနာက ၁၉၉၇ မှာ ပဲရစ်မြို့မှာ ယာဥ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၈၁ မှာ ဘုရင်မကြီးရဲ့ အကြီးဆုံးသားတော် ချားလ်မင်းသားက လေဒီ ဒိုင်ယာနာ စပန်ဆာနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦး မကွာရှင်းခင်မှာ သားနှစ်ဦး မွေးဖွားခဲ့ပါတယ်။ ဒိုင်ယာနာက ၁၉၉၇ မှာ ပဲရစ်မြို့မှာ ယာဥ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။
1px transparent line
၁၉၉၂ ကို ဘုရင်မက "အလွန်ဆိုးရွားတဲ့နှစ်" လို့ ခရစ်စမတ်မိန့်ခွန်းထဲမှာ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဘုရင်မရဲ့ အကြိုက်ဆုံး စံအိမ်တော်ဖြစ်တဲ့ ဝင်ဆာ ရဲတိုက်မှာလည်း အဲဒီနှစ်က မီးလောင်ခဲ့ပါတယ်။ သူ့ရဲ့ သားသမီးသုံးဦးရဲ့ အိမ်ထောင်ရေး လမ်းခွဲမှုတွေကြောင့် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရတာတွေကိုလည်း သူက ထုတ်ဖော်ပြသခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၁၉၉၂ ကို ဘုရင်မက "အလွန်ဆိုးရွားတဲ့နှစ်" လို့ ခရစ်စမတ်မိန့်ခွန်းထဲမှာ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဘုရင်မရဲ့ အကြိုက်ဆုံး စံအိမ်တော်ဖြစ်တဲ့ ဝင်ဆာ ရဲတိုက်မှာလည်း အဲဒီနှစ်က မီးလောင်ခဲ့ပါတယ်။ သူ့ရဲ့ သားသမီးသုံးဦးရဲ့ အိမ်ထောင်ရေး လမ်းခွဲမှုတွေကြောင့် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရတာတွေကိုလည်း သူက ထုတ်ဖော်ပြသခဲ့ပါတယ်။
1px transparent line
၁၉၉၃ ခုနှစ်မှာ ဘစ်စလီက တပ်မတော်ရိုင်ဖယ်အသင်း ပရဟိတအဖွဲ့ကိုရောက်လာခဲ့ပြီး SA80 ရိုင်ဖယ် သေနတ် ပစ်ခတ်ခဲ့ပုံ
ဓာတ်ပုံ ပုံစာ, ၁၉၉၃ ခုနှစ်မှာ ဘစ်စလီက စစ်တပ်ရိုင်ဖယ်အသင်း ကိုရောက်လာခဲ့ပြီး SA80 ရိုင်ဖယ် သေနတ် ပစ်ခတ်ခဲ့ပုံ ဖြစ်ပါတယ်။
1px transparent line
ဝေလ မင်းသမီး ဒိုင်ယာနာ သေဆုံးခဲ့တဲ့နောက် ဘုရင်စနစ်လည်း လှုပ်လှုပ်ခါခါဖြစ်ခဲ့ကာ၊ အရင်ကထက် ပိုပြင်းတဲ့ ဝေဖန်ခံရမှုတွေကို ဘုရင်မ ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ ချွေးမဖြစ်သူကို အောက်မေ့ ဂုဏ်ပြုတဲ့ အမှာစကားကို နိုင်ငံကို တိုက်ရိုက် ထုတ်လွှင့်ပြောခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ဝေလ မင်းသမီး ဒိုင်ယာနာ သေဆုံးခဲ့တဲ့နောက် ဘုရင်စနစ်လည်း လှုပ်လှုပ်ခါခါဖြစ်ခဲ့ပြီး အရင်ကထက် ပိုပြင်းတဲ့ ဝေဖန်ခံရမှုတွေကို ဘုရင်မ ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ ချွေးမဖြစ်သူကို အောက်မေ့ ဂုဏ်ပြုတဲ့ အမှာစကားကို နိုင်ငံကို တိုက်ရိုက် ထုတ်လွှင့်ပြောခဲ့ပါတယ်။
လူထုနဲ့ ထိတွေ့မှု ကြိုးပမ်းရင်း စကော့တလန် ဂလပ်စဂိုးက နေအိမ်တစ်ခုမှာ လက်ဖက်ရည်သောက်ရင်း တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ တော်ဝင်မိသားစုရဲ့ လူထုနဲ့ ကိန်းကြီးခမ်းကြီး မဟုတ်တဲ့ နည်းလမ်းနဲ့ ချဥ်းကပ်ခဲ့မှုတစ်ခု ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, လူထုနဲ့ ထိတွေ့မှု ကြိုးပမ်းရင်း စကော့တလန် ဂလပ်စဂိုးက နေအိမ်တစ်ခုမှာ လက်ဖက်ရည်သောက်ရင်း တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ တော်ဝင်မိသားစုရဲ့ လူထုနဲ့ ကိန်းကြီးခမ်းကြီး မဟုတ်တဲ့ နည်းလမ်းနဲ့ ချဥ်းကပ်ခဲ့တာပါ။
1px transparent line
ဘုရင်မကြီးရဲ့ မိခင်ကြီးရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ကို ၂၀၀၀ ပြည့်နှစ်မှာ အဲန်းမင်းသမီးနဲ့ ဘုရင်မကြီးတိုနဲ့အတူ ကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ဘုရင်မကြီးရဲ့ မိခင်ကြီးရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ကို ၂၀၀၀ ပြည့်နှစ်မှာ အဲန်းမင်းသမီး (ဘယ်) နဲ့ ဘုရင်မကြီးတိုနဲ့အတူ ကျင်းပခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ ဘုရင်ကြီးရဲ့ ညီမတော် မာဂရက်မင်းသမီး ကွယ်လွန်ခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ မိခင်နဲ့ ညီမတော် ကွယ်လွန်ကြတာ သီတင်း ၇ ပတ်ပဲ ခြားပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၀၂ ခုနှစ်မှာ ဘုရင်မကြီးရဲ့ ညီမတော် မာဂရက်မင်းသမီး ကွယ်လွန်ခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ မိခင်နဲ့ ညီမတော်တို့ ကွယ်လွန်ကြတာ သီတင်း ၇ ပတ်ပဲ ခြားပါတယ်။
1px transparent line
ဘုရင်မကြီးရဲ့ နန်းစံသက် ရွှေရတု အခမ်းအနားပါ။ အခမ်းအနားကျင်းပတဲ့ ၂၀၀၂ ခုနှစ် ဇွန်လ ၄ ရက် ညနေ မှာ လူသန်းချီ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
ဓာတ်ပုံ ပုံစာ, ဘုရင်မကြီးရဲ့ နန်းစံသက် ရွှေရတု အခမ်းအနားပါ။ အခမ်းအနားကျင်းပတဲ့ ၂၀၀၂ ခုနှစ် ဇွန်လ ၄ ရက် ညနေ မှာ လူသန်းချီ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
1px transparent line
၂၀၀၅ ခုနှစ်မှာ သားတော် ချားလ်စ် ဒုတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၀၅ ခုနှစ်မှာ သားတော် ချားလ်စ် ဒုတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။
1px transparent line
ဝေလမင်းသားတို့ဇနီးမောင်နှံနဲ့ မိသားစု အခိုက်အတန့်
ဓာတ်ပုံ ပုံစာ, ဝေလမင်းသားတို့ဇနီးမောင်နှံနဲ့ ဘုရင်မကြီးတို့ ဇနီးမောင်နှံတို့ရဲ့ မိသားစု အခိုက်အတန့်ပါ။
၂၀၀၇ ခုနှစ်က လန်ဒန် ရိုဟမ်တန်က အင်္ဂလန် တင်းနစ်အဖွဲ့ချုပ် ရုံးချုပ်သစ်ဖွင့်ပွဲကို ဧည့်သည်တော်အဖြစ် တက်ရောက်ရင်း မိုးခိုနေတဲ့ ဘုရင်မကြီး
ဓာတ်ပုံ ပုံစာ, ၂၀၀၇ ခုနှစ်က လန်ဒန် ရိုဟမ်တန်က အင်္ဂလန် တင်းနစ်အဖွဲ့ချုပ် ရုံးချုပ်သစ်ဖွင့်ပွဲကို ဧည့်သည်တော်အဖြစ် တက်ရောက်ရင်း ဘုရင်မကြီး မိုးခိုနေတာပါ။
1px transparent line
သက်တော် ၈၀ ပြည့် မွေးနေ့ဆုတောင်းစာတွေကို ဘာကင်ဟမ်နန်းတော်မှာ ဖတ်ရှုနေတဲ့ ဘုရင်မကြီး
ဓာတ်ပုံ ပုံစာ, သက်တော် ၈၀ ပြည့် မွေးနေ့ဆုတောင်းစာတွေကို ဘာကင်ဟမ်နန်းတော်မှာ ဘုရင်မကြီး ဖတ်ရှုနေတာပါ။
1px transparent line
မြေးတော် ဝီလျံမင်းသားရဲ့ ၂၀၁၁ ခုနှစ်က လက်ထပ်ပွဲ
ဓာတ်ပုံ ပုံစာ, မြေးတော် ဝီလျံမင်းသားရဲ့ ၂၀၁၁ ခုနှစ်က လက်ထပ်ပွဲကို တက်ရောက်လာပုံပါ။
1px transparent line
မြေးတော် မင်းသားဝီလျံတာဝန်ကျတဲ့ ဝေလနယ်ထဲက လေတပ်စခန်းကို အရောက်မှာ လေထန်နေလို့ ဦးထုပ်ကျွတ်တော့မလို ဖြစ်သွားတဲ့ ဘုရင်မကြီး
ဓာတ်ပုံ ပုံစာ, မြေးတော် မင်းသားဝီလျံတာဝန်ကျတဲ့ ဝေလနယ်ထဲက လေတပ်စခန်းကို အရောက်မှာ လေထန်နေလို့ ဦးထုပ်ကျွတ်တော့မလို ဖြစ်သွားတဲ့ ဘုရင်မကြီးရဲ့ ပုံရိပ်ပါ။
၂၀၁၂ ခုနှစ် မှာ လက်စတာမှာပြုလုပ်တဲ့ နန်းသက် နှစ် ၆၀ ပြည့် အခမ်းအနားခရီးစဥ်တစ်ခုကို သွားရောက်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ် မှာ လက်စတာမှာပြုလုပ်တဲ့ နန်းသက် နှစ် ၆၀ ပြည့် အခမ်းအနားခရီးစဥ်တစ်ခုကို သွားရောက်ခဲ့ပါတယ်။
1px transparent line
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပွဲ ဖွင့်ပွဲ ရုပ်သံပြကွက်တွေထဲက ဘုရင်မကြီးနဲ့ ဗြိတိသျှ နာမည်ကျော် ဂျိမ်းဘွန်းစ်ဇာတ်ကောင်
ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပွဲ ဖွင့်ပွဲ ရုပ်သံပြကွက်တွေထဲက ဘုရင်မကြီးနဲ့ ဗြိတိသျှ နာမည်ကျော် ဂျိမ်းဘွန်းစ်ဇာတ်ကောင်တို့ရဲ့ မြင်ကွင်း ဖြစ်ပါတယ်။
1px transparent line
ဘုရင်မကြီး ပိုင်ဆိုင်တဲ့ မြင်း အက်စတီမိတ် ၂၀၁၃ ခုနှစ်မှာ ရွှေဖလားဆုရပြီးနောက် ကြီးကြပ်သူ ဂျွန်ဝါရင်းနဲ့အတူ တွေ့ရဲ့ ဘုရင်မကြီး
ဓာတ်ပုံ ပုံစာ, ဘုရင်မကြီး ပိုင်ဆိုင်တဲ့ မြင်း အက်စတီမိတ် ၂၀၁၃ ခုနှစ်မှာ ရွှေဖလားဆုရပြီးနောက် ကြီးကြပ်သူ ဂျွန်ဝါရင်းနဲ့အတူ တွေ့ရဲ့ ဘုရင်မကြီး ဖြစ်ပါတယ်။
1px transparent line
၂၀၁၅ ခုနှစ်မှာ ဘုရင်မကြီးရဲ့ အဘွားရဲ့ အဘွား ဗစ်တိုးရီးယား ဘုရင်မကြီးရဲ့ နန်းစံသက်ထက် စတင်ကျော်လွန်သွားပြီး ဗြိတိန်ရဲ့ နန်းစံသက် အရှည်ဆုံး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် စတင်တဲ့နေ့မှာ စကော့တလန်က ရထားလိုင်းသစ်ဖွင့်ပွဲမှာ ရှိနေခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ်မှာ ဘုရင်မကြီးရဲ့ အဘွားရဲ့ အဘွား ဗစ်တိုးရီးယား ဘုရင်မကြီးရဲ့ နန်းစံသက်ထက် စတင်ကျော်လွန်သွားပြီး ဗြိတိန်ရဲ့ နန်းစံသက် အရှည်ဆုံး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် စတင်တဲ့နေ့မှာ စကော့တလန်က ရထားလိုင်းသစ်ဖွင့်ပွဲမှာ ရှိနေခဲ့ပါတယ်။
1px transparent line
၂၀၁၆ ခုနှစ် ဇွန်လ သက်တော် ၉၀ ပြည့်မွေးနေ့ပွဲ အခမ်းအနား မှာ မိသားစုနဲ့အတူ တွေ့ရပုံပါ။
ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ် ဇွန်လ သက်တော် ၉၀ ပြည့်မွေးနေ့ပွဲ အခမ်းအနား မှာ မိသားစုနဲ့အတူ တွေ့ရပုံပါ။
1px transparent line
ကြင်ယာတော် ဖိလစ်မင်းသားကြီး တာဝန်တွေကနေ အနားယူပြီးချိန်မှာ ဘုရင်မကြီးက တစ်ယောက်တည်း တာဝန်တွေကို ထမ်းဆောင် တက်ရောက်တာတွေ ရှိပါတယ်။
ဓာတ်ပုံ ပုံစာ, ကြင်ယာတော် ဖိလစ်မင်းသားကြီး တာဝန်တွေကနေ အနားယူပြီးချိန်မှာ ဘုရင်မကြီးက တစ်ယောက်တည်း တာဝန်တွေကို ထမ်းဆောင် တက်ရောက်တာတွေ ရှိပါတယ်။
1px transparent line
မြေးတော် ဟယ်ရီမင်းသားနဲ့ မက်ဂန်တို့ရဲ့ သားတော် အာချီ ၂၀၁၉ မှာ မွေးဖွားလာတာနဲ့အတူ ပျော်စရာအခိုက်အတန့်တွေ မိသားစုထဲမှာ တိုးပွားလာပါတယ်။ တစ်ဖက်မှာလည်း အင်ဒရူးမင်းသားရဲ့ အရှုပ်အထွေးကိစ္စနဲ့ ဟယ်ရီမင်းသားရဲ့ တော်ဝင်မိသားစုထဲက မပျော်မရွှင် ဖြစ်လာတာ စတာတွေကြောင့် မိသားစုထဲမှာ စိတ်ရှုပ်ထွေးစရာတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, မြေးတော် ဟယ်ရီမင်းသားနဲ့ မက်ဂန်တို့ရဲ့ သားတော် အာချီ ၂၀၁၉ မှာ မွေးဖွားလာတာနဲ့အတူ ပျော်စရာအခိုက်အတန့်တွေ မိသားစုထဲမှာ တိုးပွားလာပါတယ်။ တစ်ဖက်မှာလည်း အင်ဒရူးမင်းသားရဲ့ အရှုပ်အထွေးကိစ္စနဲ့ ဟယ်ရီမင်းသားရဲ့ တော်ဝင်မိသားစုထဲက မပျော်မရွှင် ဖြစ်လာတာ စတာတွေကြောင့် မိသားစုထဲမှာ စိတ်ရှုပ်ထွေးစရာတွေ ရှိခဲ့ပါတယ်။
1px transparent line
၂၀၂၁ ဧပြီ ၉ ရက်မှာတော့ ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးဟာ အသက် ၉၉ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ စျာပနပြုလုပ်ခဲ့ရပြီး ဒီအခမ်းအနားကို ဝင်ဆာရဲတိုက် စိန့်ဂျော့ချ် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၂၁ ဧပြီ ၉ ရက်မှာတော့ ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးဟာ အသက် ၉၉ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ စျာပနပြုလုပ်ခဲ့ရပြီး ဒီအခမ်းအနားကို ဝင်ဆာရဲတိုက် စိန့်ဂျော့ချ် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
1px transparent line

ဓာတ်ပုံများအားလုံးတွင် မူပိုင်ခွင့်ရှိပါသည်။