ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကြောင့် လူ့အသက်တွေ ကယ်တင်နိုင်
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကြောင့် လူ့အသက်တွေ ကယ်တင်နိုင်
ရေးသားခဲ့သည်။
ယူကေမှာ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် လူ ၂၀၀ နီးပါးရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ကြောင်း ဆေးပညာ ဂျာနယ် လန်းဆက်ထဲမှာ ဖော်ပြထားပါတယ်။ ယူကေမှာ ၂၀၀၈ ခုနှစ်က စပြီး ကျောင်းနေအရွယ် မိန်းကလေးငယ်တွေကို သားအိမ်ခေါင်း ကင်ဆာ ရောဂါ ဖြစ်စေနိုင်တဲ့ human papilloma-virus ရောဂါပိုး အတွက် ကာကွယ်ဆေးကို ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ဘီဘီစီရဲ့ ကျန်းမာရေး ဆိုင်ရာ သတင်းထောက် ဆိုဖီ ဟတ်ချင်ဆင်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။