မိုးခေါင်လို့ ဆည်အောက်နစ်နေတဲ့ရွာ ပြန်ပေါ်လာ

မိုးခေါင်လို့ ဆည်အောက်နစ်နေတဲ့ရွာ ပြန်ပေါ်လာ
ရေးသားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ပြည်နယ်မှာ ကာရီယံဆည် ဆောက်ခဲ့စဥ်က ရေအောက်မြုပ်သွားတဲ့ ရွာ အခု မိုးခေါင်ရေရှားလို့ ဆည်ရေတွေ ကျသွားချိန် ပြန်ပါ်လာတာကို တွေ့ရတာပါ။ ဒီဆည်ကို ၂၀၁၅ ကနေ ၂၀၂၃ အတွင်း မြို့တော်ဂျာကာတာကို ရေပေးဝေရေးအစီအစဥ်နဲ့ဆောက်ခဲ့တာ ဖြစ်ပြီး ရွာလည်း ရေအောက်ရောက်သွားခဲ့ပါတယ်။ ကမ္ဘာတလွှားမှာ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူချိန်တွေ ပိုပြင်းနေပြီး မြစ်ချောင်းတွေနဲ့ ကန်တွေ ရေခန်းခြောက်လာတာ တွေ့နေရပါတယ်။ •