ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုယ့်မိတ်ကပ်အိတ်ထဲ ခိုတွေက လာသားပေါက်တဲ့အခါ
ကိုယ့်မိတ်ကပ်အိတ်ထဲ ခိုတွေက လာသားပေါက်တဲ့အခါ
ရေးသားခဲ့သည်။
ယူကေနိုင်ငံ ဘက်ဒ်ဖို့မြို့က မင်မီစထရိန်ဂျာ ခရီးသွားပြီး အိမ်ပြန်အရောက် ရေချိုးခန်းထဲက သူ့မိတ်ကပ်အိတ်ထဲမှာ ခိုနှစ်ကောင် အသိုက်လာဆောက်ထားတာတွေ့လိုက်ရပါတယ်။ မင်မီက ခိုလေးတွေကို သနားလို့နှင်မထုတ်ဘဲထားတာ အခုတော့ ခိုမက ဥဥပြီး ခိုလေးနှစ်ကောင်တောင် ပေါက်နေပါပြီ။ ခိုမိသားစုလေး သူ့ရေချိုးခန်းထဲ နေနေတာကို မနှောင့်ယှက်ပါဘူးလို့ မင်မီက ပြောပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ခို #ယူကေ