နိုင်ငံတကာ စီးပွားရေး လုပ်ငန်း ၂ ခု မြန်မာကနေ ထွက်ခွာ

ဗီဒီယို ပုံစာ, နိုင်ငံတကာ စီးပွားရေး လုပ်ငန်း ၂ ခု မြန်မာကနေ ထွက်ခွာ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

စင်္ကာပူ အခြေစိုက် ပက်ဇို ပီဇာ မြန်မာ နဲ့ မလေးရှားမှာ စတင် တည်ထောင်ခဲ့တဲ့ အမေရိကန် စတိုင် ပင်လယ်စာ စားသောက်ဆိုင် THE MANHATTAN FISH MARKET လုပ်ငန်းတွေဟာ မြန်မာ နိုင်ငံက သူတို့ရဲ့ လုပ်ငန်းတွေ ရပ်နားပြီး ထွက်ခွာတော့မယ်လို့ အသီးသီး ထုတ်ပြန် လာကြပါတယ်။ ဒီလုပ်ငန်းတွေ ပိတ်သိမ်းရတာနဲ့ ဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံတကာ လုပ်ငန်းကြီးတွေ ပိတ်သိမ်းသွားတာ တစ်လ ထဲမှာတင် ၄ ခုထက် မနည်း ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးထားပါတယ်။