ကမ္ဘာတလွှား ၂၀၂၆ နှစ်သစ်ကြိုဆိုကြပုံများ

သြစတေးလျက  Sydney Harbour Bridge နဲ့  Sydney Opera House တို့မှာ နှစ်သစ်ကြို မီးရှူးမီးပန်း ပစ်ဖောက်မှု
ဓာတ်ပုံ ပုံစာ, သြစတေးလျက Sydney Harbour Bridge နဲ့ Sydney Opera House တို့မှာ နှစ်သစ်ကြို မီးရှူးမီးပန်း ပစ်ဖောက်မှု
    • ရေးသားသူ, မက်သျူး တက်ကာ
    • ရေးသားသူ, လူစီ တာလာဗီရာ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

အချိန်ဇုန်အပိုင်းအခြားကွာဟပေမဲ့ မြန်မာအပါအဝင် ကမ္ဘာတလွှားက နိုင်ငံတွေမှာ ၂၀၂၆ ခုနှစ်ကို ကြိုဆိုနေကြပြီဖြစ်ပါတယ်။​

၂၀၂၆ ခုနှစ်ကို ပထမဆုံးကြိုဆိုခဲ့တာကတော့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေး ကီရီဘာတီဖြစ်ပါတယ်။​ အဲဒီမှာရောက်နေတဲ့ ခရီးသွားတစ်ယောက်ကတော့ ''ဂြိုဟ်တုတွေမရှိ၊ လူသူ လှုပ်ရှားသက်ဝင်မှုမရှိ၊ ပိတ်ပိတ်မှောင်နေပြီး ဂဏန်းလေးတွေနဲ့ပဲပြည့်နေတဲ့ ကမ်းခြေမှာ နှစ်သစ်ကို ကျော်ဖြတ်ခဲ့တယ်'' လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၂၆ နှစ်သစ်ကို အစောဆုံးကြိုဆိုတဲ့နိုင်ငံတွေလည်း အာရှက မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။​

ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ပြန်ရုပ်သိမ်းခဲ့တဲ့ စစ်ကော်မရှင်ဟာ မနေ့ညပိုင်းက ရန်ကုန်မြို့အပြင် နေပြည်တော်မှာလည်း နှစ်သစ်ကူးကြိုဆိုပွဲတွေ ပြုလုပ်ခဲ့ပြီး ပါဝင်ဆင်နွှဲသူတွေ များခဲ့ပါတယ်။​

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်က နှစ်သစ်ကူးနေ့ည မြင်ကွင်း
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်က ၂၀၂၆ နှစ်သစ်ကူးည မြင်ကွင်း
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်က ၂၀၂၆ နှစ်သစ်ကူးည မြင်ကွင်း

ဗြိတိန်မှာတော့ လန်ဒန်ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ပျံတက်သွားတာကို ထောင်နဲ့ချီတဲ့လူတွေက ငေးမောကြည့်ရှုခဲ့ကြပါတယ်။​

လန်ဒန်က နာရီစင်ကြီးနဲ့အတူ နှစ်သစ်ကူးမှာ ပစ်ဖောက်ခဲ့တဲ့မီးရှူးပီးပန်းအလှ
ဓာတ်ပုံ ပုံစာ, လန်ဒန်က နာရီစင်ကြီးနဲ့အတူ နှစ်သစ်ကူးမှာ ပစ်ဖောက်ခဲ့တဲ့မီးရှူးပီးပန်းအလှ
 London Eye မှာလည်း မီးပန်းတွေနဲ့အလှဆင်
ဓာတ်ပုံ ပုံစာ, London Eye မှာလည်း မီးပန်းတွေနဲ့အလှဆင်
Fireworks light up the sky over Edinburgh Castle
ဓာတ်ပုံ ပုံစာ, အီဒင်ဘရာရဲတိုက်ထက် မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ၂၀၂၆ ကို စကော့တလန်လည်း ကြိုဆို
ဘာလင်မြို့က  Brandenburg Gate မှာမြင်ရတဲ့ နှစ်ကူးအကြို
ဓာတ်ပုံ ပုံစာ, ဘာလင်မြို့က Brandenburg Gate မှာမြင်ရတဲ့ နှစ်ကူးအကြို
ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Champs-Elysees လမ်းပေါ် မြင်ရတဲ့ နှစ်သစ်ကူး ကြိုဆိုမှု
ဓာတ်ပုံ ပုံစာ, ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Champs-Elysees လမ်းပေါ် မြင်ရတဲ့ နှစ်သစ်ကူး ကြိုဆိုမှု
နယူဇီလန်နိုင်ငံ၊ အောက်ကလန်မြို့က Sky Tower ကန နှစ်သစ်ကူးကို ကြိုဆိုနေပုံ
ဓာတ်ပုံ ပုံစာ, နယူဇီလန်နိုင်ငံ၊ အောက်ကလန်မြို့က Sky Tower ကန နှစ်သစ်ကူးကို ကြိုဆိုနေပုံ
နယူဇီလန်နိုင်ငံ၊ အောက်ကလန်မြို့က Sky Tower ကန နှစ်သစ်ကူးကို ကြိုဆိုနေပုံ

အဲဒီနောက် သြစတြေးလျက ဆစ်ဒနီ ပြဇာတ်ရုံနဲ့ ဆိပ်ကမ်းတို့မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ်။​

ဆစ်ဒနီမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်တုန်းက ကမ်းခြေပစ်ခတ်တိုက်ခိုက်မှုမှာ လူ ၁၅ ဦး သေဆုံးတဲ့ဖြစ်ရပ်ကြုံခဲ့ရအပြီးမှာပဲ အခုလိုနှစ်ကူးကို ကြိုဆိုရတာဖြစ်လို့ ဒီဖြစ်ရပ်ကြီးဟာ နှစ်သစ်ကူးအပျော်တွေအပေါ်မှာ အရိပ်ထိုးနေပါတယ်။

ဒါကြောင့် ဒေသစံတော်ချိန် ည ၁၁ နာရီတိတိမှာ ဆစ်ဒနီ ဆိပ်ကမ်းမှာ ကမ်းခြေတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တစ်မိနစ်ကြာ ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။​

ငြိမ်းချမ်းခြင်းနဲ့ စည်းလုံးခြင်း စာသားကို   Harbour Bridge ပေါ်မှာ ပရိုဂျက်တာနဲ့ ပြသခဲ့
ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းခြင်းနဲ့ စည်းလုံးခြင်း စာသားကို Harbour Bridge ပေါ်မှာ ပရိုဂျက်တာနဲ့ ပြသခဲ့
ကမ်းခြေတိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြရသူတွေအတွက် ဝမ်းနည်းအောက်မေ့ ချိန်မှာ မိုဘိုင်းဖုန်း မီးအလင်းရောင်ဖွင့်ပြီး ဆုတောင်နေကြတဲ့လူတွေ
ဓာတ်ပုံ ပုံစာ, ကမ်းခြေတိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြရသူတွေအတွက် ဝမ်းနည်းအောက်မေ့ ချိန်မှာ မိုဘိုင်းဖုန်း မီးအလင်းရောင်ဖွင့်ပြီး ဆုတောင်း နေကြတဲ့လူတွေ
An image of a menorah is projected onto the pylons of the Sydney Harbour Bridge during New Year’s Eve celebrations on December 31, 2025, in Sydney, Australia.

စင်္ကာပူမှာလည်း မာရီနာ ဘေးမှာ မီးရှူးမီးပန်းအလှတွေနဲ့ နှစ်သစ်ကို ဆီးကြိုခဲ့ကြပါတယ်။

စင်္ကာပူမှာလည်း မာရီနာ ဘေးမှာ မီးရှူးမီးပန်းအလှတွေနဲ့ နှစ်သစ်ကို ဖိတ်ခေါ်

ဖိလစ်ပိုင်မြို့တော် မနီလာက မာခါတီအရပ်မှာ ကောင်းကင်မီးရှူးမီးပန်းအလှနဲ့ အထိပ်မြင့်မှာဆင်ထားတဲ့မီးအလှနဲ့ ပနာတင့်ခဲ့တာမြင်ခဲ့ရပါတယ်။

ဖိလစ်ပိုင်မြို့တော် မနီလာက မာခါတီအရပ်မှာ ကောင်းကင်မီးရှူးမီးပန်းအလှနဲ့ အထိပ်မြင့်မှာဆင်ထားတဲ့မီးအလှနဲ့ ပနာတင့်ခဲ့။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျောက်ဖရားမြစ်ကမ်းတစ်လျှောက် လူတွေတန်းစီပြီး မီးရှူးမီးပန်းတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။​

ကျောက်ဖရားမြစ်ထက်မြင်ရတဲ့ မီးရှူးမီးပန်းတွေ

ဒူဘိုင်းမှာတော့ နှစ်သစ်ကူးကို ကြိုဆိုတဲ့လူအုပ်ဟာ မီးအလှဆင် အကအလှတွေကို ကြည့်ပြီးကြတဲ့နောက် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ Burj Khalifa ကနေ ပစ်ဖောက်ခဲ့တဲ့ မီးရှူးအလှကို ကြည့်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ်။​

ဒူဘိုင်းမှာတော့ နှစ်သစ်ကူးကို ကြိုဆိုတဲ့လူအုပ်ဟာ မီးအလှဆင် အကအလှတွေကို ကြည့်ပြီးကြတဲ့နောက် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ Burj Khalifa ကနေ ပစ်ဖောက်ခဲ့တဲ့ မီးရှူးအလှကို ကြည့်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ်။​

ဟောင်ကောင်မှာတော့ နာမည်ကျော်အနုပညာရှင်တွေရဲ့သီဆိုတင်ဆက်မှုတွေနဲ့အတူ လူထုက နှစ်သစ်ကို ကြိုခဲ့ပါတယ်။

ဟောင်ကောင်က နှစ်သစ်ကူးကြိုဆိုနေတဲ့မြင်ကွင်း

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ Juyongguan Great Wall က နှစ်သစ်အကြိုမြင်ကွင်းဖြစ်ပါတယ်။​

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ Juyongguan Great Wall က နှစ်သစ်အကြိုမြင်ကွင်းဖြစ်ပါတယ်။​

တောင်ကိုရီးယားမြို့တော် ဆိုးလ်က Kotte ကမ္ဘာ့တာဝါရဲ့ ကောင်းကင်ယံမှာတော့ ညကောင်းကင်ဟာ လေဆာမီးတွေ နေရာယူခဲ့ပါတယ်။​

တောင်ကိုရီးယားမြို့တော် ဆိုးလ်က Kotte ကမ္ဘာ့တာဝါရဲ့ ကောင်းကင်ယံမှာတော့ ညကောင်းကင်ဟာ လေဆာမီးတွေ နေရာယူခဲ့ပါတယ်။​

ဆိုးလ်မြို့က Bosingak မှာ အနုပညာရှင်တွေက နှစ်သစ်ကြိုဖို့စောင့်နေတဲ့လူအုပ်ကို အကအလှတွေနဲ့ဖျော်ဖြေခဲ့ကြပါတယ်။​

ဆိုးလ်မြို့က Bosingak  မှာ အနုပညာရှင်တွေက နှစ်သစ်ကြိုဖို့စောင့်နေတဲ့လူအုပ်ကို အကအလှတွေနဲ့ဖျော်ဖြေခဲ့ကြပါတယ်။​

ဒပ်ဘလင် နန်းတော်မှာပြုလုပ်တဲ့ နှစ်သစ်ကူးအကြိုဖျော်ဖြေပွဲမှာ မီးအကအလှ စွမ်းရည်ပြနေတဲ့ တင်ဆက်သူ တစ်ဦးကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဒပ်ဘလင် နန်းတော်မှာပြုလုပ်တဲ့ နှစ်သစ်ကူးအကြိုဖျော်ဖြေပွဲမှာ မီးအကအလှ စွမ်းရည်ပြနေတဲ့ တင်ဆက်သူ တစ်ဦးကို မြင်တွေ့ရတာဖြစ်ပါတယ်။

ကမ္ဘာတလွှား တခြားနေရာတွေမှာတော့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ နှစ်သစ်ကို သူတို့ရိုးရာ သူတို့ဓလေ့ ဘာသာ ဆင်နွှဲခဲ့ကြတာကိုလည်းတွေ့ရပါတယ်။​

ပြင်သစ်တောင်ပိုင်းက Le Cap d'Agde မှာတော့ ဒေသထုံးစံအတိုင်း နှစ်သစ်မှာ အဝတ်ဝတ်သူ ဝတ်၊ မဝတ်သူ မဝတ်နဲ့ ၂၀၂၆ ကို ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်တောင်ပိုင်းက  Le Cap d'Agde မှာတော့ ဒေသထုံးစံအတိုင်း နှစ်သစ်မှာ အဝတ်ဝတ်သူ ဝတ်၊ မဝတ်သူ မဝတ်နဲ့ ၂၀၂၆ ကို ကြိုဆိုခဲ့ကြပါတယ်။

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာတော့ ရိုးရာပွဲတစ်ခုလိုဖြစ်နေတဲ့ ရေအေးအေးထဲ ဝင်စိမ်ကြပြီး နှစ်သစ်ကို ကြိုပါတယ်။​

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာတော့ ရိုးရာပွဲတစ်ခုလိုဖြစ်နေတဲ့ ရေအေးအေးထဲ ဝင်စိမ်ကြပြီး နှစ်သစ်ကို ကြိုပါတယ်။​

နယ်သာလန်က အွန်မန်မှာတော့ ဒေသခံတွေဟာ နို့ထည့်သံဗူးကြီးတွေကို အမြောက်အသွင်ပြောင်းပြီး ပစ်ခတ်တဲ့ အပစ်အခတ်ပွဲကိုကြည့်ရင်း နှစ်သစ်ကူးကို ရိုးရာနဲ့အတူ ဖြတ်သန်ပါတယ်။​

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာတော့ ရှင်တိုဘာသာရဲ့ ရှေးအကျဆုံးနန်းတွေထဲကတစ်ခုဖြစ်တဲ့ ဆူမိယိုရှိ တာအိရှာမှာပြုလုပ်တဲ့ နှစ်အကုန် နှစ်အကူးပွဲမှာ အမျိုးသမီးငယ်တွေဟာ ဂျပန့်ရိုးရာ ကီမိုနိုဝတ်ဆင်ပြီး စီတန်းလှည့်လည်မှုမှာ ပါဝင်ခဲ့ကြပါတယ်။

ပိုလန်နိုင်ငံ၊ ခရာခိုးမှာတော့ မြို့ဟောင်းအရပ်မှာ ဒီဇင်ဘာ အပြေးပြိုင်ပွဲပြုလုပ်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။ အသွေးအရောင်စုံ အပြေးသမားတွေ ပါဝင်ဆင်နွှဲခဲ့ကြတာကိုလည်း မြင်နိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာတော့ ၂၀၂၅ နေအဝင်နဲ့ ၂၀၂၆ ထွက်လာမယ့်နေကို ကြိုဆိုတဲ့အနေနဲ့ ရိုးရှာအကအလှတွေနဲ့ ပွဲတော် ဆင်နွှဲခဲ့ကြပါတယ်။