ထမ်လုံ ဂူထဲ ပိတ်မိနေတဲ့ ထိုင်းလူငယ် ၁၂ယောက်နဲ့ နည်းပြတို့ ကို ကယ် တင်ခဲ့ရပုံ

An onlooker clasps her hands as she cheers on ambulance taking the children
ဓာတ်ပုံ ပုံစာ, ကယ်တင်နိုင်ခဲ့ပြီ ဆိုတဲ့ သတင်းကြောင့် ထိုင်းလူမျိုး တွေကိုသာ မက ကမ္ဘာ ကိုပါ ပျော်ရွှင် စေခဲ့
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့ ထမ်လုံ ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၂ ယောက်နဲ့ နည်းပြ ဖြစ်သူတို့ ရဲ့ သတင်းကိုကြားရတဲ့ အခါမှာ တကမ္ဘာလုံး က အံ့သြတုန်လုပ်သွားခဲ့ပါတယ်။ မိုးကြီးပြီး ရေလျှံနေတဲ့ ဂူထဲမှာ ပိတ်မိ နေတဲ့ သူတို့ ဘယ်လို အသက်ရှင် နေထိုင် ကြမလဲလို့ အားလုံးက တွေးတော စိတ်ပူ ခဲ့ကြပါတယ်။

ဇွန်လ ၂၃ ရက် စနေနေ့ မှာ တောဝက် ဘောလုံး အသင်း က လူငယ် ၁၂ ယောက် ဟာ ချင်းရိုင် ခရိုင် က ထမ်လုံ ဂူ လမ်းကြောင်းထဲ ကို သွားကြည့်ကြဖို့ စိတ်တူ ကိုယ်တူ ဆုံးဖြတ် ခဲ့ကြပါတယ်။ သူတို့သွား မယ့် ခရီးကို ဘောလုံး နည်းပြ ဖြစ်သူကလည်း လိုက်ပါသွားခဲ့ပါတယ်။ ဒီခရီးကို အရင်တုန်းကလည်း သူတို့ အခေါက်ခေါက်အခါခါ သွားခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခု တခေါက် ကတော့ မိုးသည်းသည်းမည်းမည်း ရွာလာလို့ လိုဏ်ဂူ ထဲ ကို ရေတွေ တက်လာလို့ တိမ်းရင်း ရှောင်ရင်းနဲ့ ဂူရဲ့ အနက်ဆုံး အပိုင်း အထိကို ရောက်သွား ခဲ့ကြရတာပါ။

အချိန်တန် အိမ်ပြန်မလာခဲ့ကြတဲ့ အတွက် မိဘတွေက စိတ်ပူပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ကို အကြောင်းကြား ခဲ့တဲ့ အတွက် ရှာဖွေရေး လုပ်ငန်းတွေကို ချက်ချင်း စတင် ခဲ့ရတာပါ။

ရှာဖွေရေးလုပ်ငန်း စဉ် အတွင်း သူတို့စီးနေကျ စက်ဘီးနဲ့ ဘောကန် ဖိနပ်တွေကို လိုဏ်ဂူ အဝ မှာ စတင် တွေ့ရှိခဲ့ရပြီး ဂူထဲကို ဝင်သွားတာ ဖြစ်မယ်ဆိုပြီးတော့ ရှာဖွေသူတွေက သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

Bicycles pictured close to the cave's entrance
ဓာတ်ပုံ ပုံစာ, သူတို့ စက်ဘီးတွေကို ထမ်လုံဂူ အဝမှာတွေရှိ
People gather in the cave system for a briefing, with special lighting equipment brought in
ဓာတ်ပုံ ပုံစာ, ဂူထဲမှာ စတင် ရှာဖွေမှုတွေ လုပ်ဆောင်

သတင်းဌာနတွေနဲ့ ကူညီရှာဖွေရေး သမားတွေဟာ လိုဏ်ဂူ အဝမှာ စတင် ရောက်ရှိခဲ့ပြီး ရှာဖွေရေး လုပ်ငန်း တွေ စတင် ခဲ့ပေမယ့် မိုးက သည်းကြီးမည်းကြီး ရွာနေသလို ဂူထဲက ရေတွေကလည်း တဖြည်း ဖြည်း မြင့်တက် လာပါတယ်။

တနင်္ဂနွေ နေ့မှာ တော့ မိဘဆွေမျိုးတွေလည်း ဂူ အနားရောက်လာပြီး သူတို့တွေ အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ မိုးထဲ ရေထဲ ဝိုင်းဝန်း ဆုတောင်း ခဲ့ကြပါတယ်။

A woman is pictured praying
ဓာတ်ပုံ ပုံစာ, မိုးရေထဲက ဆုတောင်းနေသူ

သုံးရက် အကြာမှာတော့ ထိုင်း တော်ဝင် ရေတပ် က ရေငုပ်သမားတွေလည်း ထမ်လုံဂူ ကို လာပြီး ရှာဖွေရေး လုပ်ငန်း မှာ ပါဝင်လာပါတယ်။

ဂူ အတွင်းပိုင်းမှာ လူငယ်လေးတွေနဲ့ ခြေရာတွေ စတင် တွေ့ရှိလာရပြီး အသက်ရှင်လျှက် ပြန်တွေ့နိုင်ရေး မျှော်လင့်ချက် ကလည်း ကြီးမား ခဲ့ပါပြီ။

ရှာဖွေရေး လုပ်ငန်းမှာ အစိုးရပိုင်းကပါ ပူးပေါင်း ခဲ့ပြီး ထိုင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝုန်ဆူဝမ် ဟာလည်း လူငယ်လေးတွေကို အသက်ရှင်လျှက် ပြန်တွေ့နိုင်ဖို့ ကြိုးစားမယ်လို့ ပြောဆို ခဲ့ပါတယ်။

ဂူအတွင်းပိုင်းကို ဝင်ရောက်နိုင်ဖို့ တခြား နည်းလမ်း တွေကိုပါ စဉ်းစားလာ ကြပြီး မြန်မာ ဘက်ခြမ်း မှာပါ ရှာဖွေရေးတွေ လုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။

Rescue personnel carrying diving tanks on their backs gather at the cave site
ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင်ဘူး တွေနဲ့ ကူညီဖို့ အသင့် ဖြစ်နေတဲ့ ရှာဖွေရေး သမားတွေ
Soldiers relaying electric cables into the cave system
ဓာတ်ပုံ ပုံစာ, ဂူအတွင်းပိုင်း လျှပ်စစ် သွယ်တန်း ရေးမှာ စစ်သား တွေပါဝင်

ဇွန်လ ၂၇ ရက်နေ့မှာတော့ နိုင်ငံတကာ က ရေငုပ် ကျွမ်းကျင်သူတွေနဲ့ ရှာဖွေ ကူညီရေး အဖွဲ့ တွေဟာ ကူညီဖို့ ထမ်လုံ ဂူဆီကို ရောက်ခဲ့ပါတယ်။ အသက်၁၆ နှစ်အောက် လူငယ် အများစု ပါဝင်တဲ့ တောဝက် ဘောလုံး အသင်း က လူငယ်လေးတွေကို ရှာဖွေ တွေ့ရှိနိုင်ရေးမှာ ပူးပေါင်း ပါဝင် ခဲ့ကြပေမယ့် မိုးကောင်းလွန်းနေတဲ့အတွက် ရှာဖွေရေး က အတော်ကို ခက်ခဲ နေပါတယ်။

ကလေး တွေရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်း ကတော့ သူတို့ ကလေး တွေကို အသက်ရှင်လျက် တွေ့နိုင်ဖို့ ဂူ အဝမှာ ဆုတောင်း မပြတ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံ က လူမှုကွန်ရက် အသုံးပြုသူတွေ အကြားမှာလည်း တောဝက် ကလေးတွေ ကို ရှာတွေ့နိုင်ဖို့ အားလုံးက ဆုတောင်း ပေးခဲ့ကြပါတယ်။

Cartoon showing the boys hugging rescuers
ဓာတ်ပုံ ပုံစာ, ပြန်တွေ့ဖို့ အားပေးတဲ့ ကာတွန်းတကွက်

နောက်တော့ ဂူထဲ က ရေတွေကို စုပ်ထုတ် နိုင်ဖို့ ရေစုပ်စက်ကြီးတွေနဲ့ ကြိုးပမ်း ခဲ့ကြပေမယ့် မိုးက အဆက်မပြတ် ရွာနေလို့ ရေစုပ် ထုတ်တဲ့ လုပ်ငန်း က ခဏခဏ ရပ်နား ခဲ့ရတဲ့ အထိပါပဲ။

ရေတွေကြီးနေတဲ့ ဂူ အတွင်း ပိုင်း ထဲက ကုန်း ကမူ လေး တခု ဖြစ်တဲ့ ပတ္တယား ကမ်းခြေနားမှာ ကျောင်းသားလေးတွေနဲ့ သူတို့ရဲ့ နည်းပြတို့ ရှိနေနိုင်တယ်ဆိုပြီး ကယ်ဆယ်ရေး အဖွဲ့ တွေက ယုံကြည် နေကြပါပြီ။

A relative is pictured looking down in a sad manner, in a close-up image
ဓာတ်ပုံ ပုံစာ, မိသားစု ဝင်တွေကတော့ ကလေးတွေ အသက်ရှင် နေမယ်လို့ ယုံကြည်နေဆဲပါ
The prime minister holds microphone for relative as he listens to her at an event
ဓာတ်ပုံ ပုံစာ, မိသားစုဝင် တဦးရဲ့ ပြောဆို မှု ကို ထိုင်းဝန်ကြီးချုပ် ကလည်း သေချာ နားထောင်ပါတယ်။

ထိုင်း ဝန်ကြီးချုပ် ပရာရွတ် ချန် အိုချာ လည်း ဂူ အထိ လာပြီး ကလေးတွေက အားကစားသမားတွေ၊ သူတို့ဟာ သန်မာတယ်။ သူတို့ အသက်ရှင်ဦးမှာပါလို့ အားပေး စကား ပြောကြားပါတယ်။

နိုင်ငံတကာ က အာရုံစိုက်လာတဲ့ ထိုင်း လူငယ်တွေရဲ့ အရေးကို ကမ္ဘာ့သတင်းဌာန အသီးသီးကလည်း သတင်း ရယူဖို့ ထမ်လုံဂူ ရှိရာ မယ်ဆိုင် ကို ရောက်ရှိနေကြပါပြီ။

Dozens of media cameras are pictured, covered with makeshift waterproof protection
ဓာတ်ပုံ ပုံစာ, တကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ဒီသတင်းကို မီဒီယာ ဌာန အသီးသီးကလည်း လာရောက် သတင်းရယူကြ

ဇွန်လ ၃၀ ရက်နေ့မှာတော့ ရာသီဥတု အခြေအနေ ပေးလို့ ရေငုပ် သမားတွေဟာ ဂူအတွင်းပိုင်း အထိ ရောက်ခဲ့ကြပြီး နောက်ထပ် အတွင်းကျကျ ဝင်နိုင်ဖို့ အတွက် အောက်ဆီဂျင်ဘူး တွေကိုလည်း အများအပြား သယ်ဆောင် ခဲ့ကြပါတယ်။

Technicians lifting water pumps at drilling site near the cave system
ဓာတ်ပုံ ပုံစာ, ဂူ အတွင်းပိုင်းကို ထိုးဖောက်နိုင်ဖို့ တူးဖော်ရေး လုပ်ငန်း တွေကိုလည်း စတင်

ဇွန်လ ၂ ရက် နေ့မှာတော့ ကလေး ၁၂ ယောက်နဲ့ နည်းပြ ဖြစ်သူတို့ ကို ဂူ အဝနဲ့ ၂ မိုင် ခွဲ အကွာ က ကုန်းကမူ လေးပေါ်မှာ ထိုင်နေကြတာကို ဗြိတိန် နိုင်ငံ က ရေငုပ် သမား နှစ်ယောက် က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Still from video showing the boys perched
ဓာတ်ပုံ ပုံစာ, ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့ရတဲ့ ဗီဒီယို
Family members celebrating and looking emotional, as tv cameras film their reaction.
ဓာတ်ပုံ ပုံစာ, ရှာတွေပြီဆိုတဲ့ သတင်းကြောင့် မိဘတွေလည်း ပြုံးပျော်နိုင်ပြီ

ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ရတဲ့ ဗီဒီယို ထဲမှာ ထိုင်း လူငယ် လေးတွေရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တာကို တွေ့ ရပါတယ်။ ဒါပမယ့် သူတို့ကို အပြင် ကယ်ထုတ်ရေး အစီအစဉ် ကတော့ အခက်အခဲ တွေနဲ့ ပြည့်နှက် နေမယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ခန့်မှန်းခဲ့ကြတာပါ။

သူတို့ ကျန်းမာရေး အတွက် ဆေးဝါး တွေနဲ့ စားရေး ရိက္ခာတွေကိုလည်း ချက်ချင်း ပို့ဆောင် ပေးခဲ့ကြပါတယ်။ လိုဏ်ဂူ ထဲက ရေတွေကို စုပ်ထုတ်နေပေမယ့် သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးကြောင့် လူငယ်တွေကို ဂူအပြင် ကယ်ထုတ် လာရမယ့် လုပ်ငန်း က လ အတန်ကြာမယ်ဆိုပြီးတော့ ခန့်မှန်း ပြောကြားချက်တွေလည်း ထွက်ပေါ် နေခဲ့ပါတယ်။

Bulldozer and other heavy equipment pictured at top of cave site
ဓာတ်ပုံ ပုံစာ, ဂူ အပြင် က ရေထုတ်လုပ်ငန်း ဆောင်ရွက်စဉ်
Oxygen tanks pictured outside the site
ဓာတ်ပုံ ပုံစာ, အပြင်မှာ အောက်ဆီဂျင်ဘူးတွေကို ပြင်ဆင်

ဂူထဲပိတ်မိနေတဲ့ကလေးတွေကို အောက်စီဂျင်သွားပို့ရင်း သေဆုံးသွားတဲ့ ထိုင်းရေတပ်သားဟောင်း ရေငုပ်သမား ဆမန်ခူနမ်ဟာ လည်း ကယ်ဆယ်ရေး အတွက် ကူညီရင်း သတိမေ့မြောကာ အသက်ပြန် မလည် လာတော့ဘဲ ကွယ်လွန် သွားခဲ့ပါတယ်။

သူဟာ ကိုယ်ကျိုးအတွက်မကြည့်ဘဲ လူတွေကိုကူညီချင်တဲ့စိတ်ရှိသူလို့ သူရဲ့သူငယ်ချင်းတွေက ပြောပါတယ်။ ၃၈ နှစ် အရွယ် ဆမန်ခူနမ်ဟာ ရေငုပ်တာအပြင် ခန္ဓာကိုယ် ကြံ့ခိုင်တဲ့အားကစားတွေကို လိုက်စားသူ တယောက်ပါ။ သူငယ်ချင်းတွေနဲ့လည်း စက်ဘီးစီးအားကစားလည်း လုပ်ပါတယ်။

Saman Gunan's coffin is carried by soldiers
ဓာတ်ပုံ ပုံစာ, ဆမန် ဂူနန် ကို တခမ်းတနား ဂုဏ်ပြု

သူကွယ်လွန် သွားလို့ လူတွေက စိတ်မကောင်း ဖြစ်ခဲ့ကြပြီး ထိုင်း ကလေးငယ်တွေကို ကယ်ဆယ်ရေး လုပ်ငန်း က အခက်အခဲ အများကြီး ရှိနိုင်ကြောင်း တွက်ဆ ခဲ့ပါတယ်။

ထိုင်း လူငယ်တွေကတော့ သူတို့ရဲ့မိဘတွေကို မပူပင်ဖို့ စာရေးသား ပြီး ကယ်ဆယ်ရေး သမားတွေဆီက တဆင့် ဂူ အပြင် ကို ပေးပို့ ခဲ့ပါတယ်။

A note written in Thai
ဓာတ်ပုံ ပုံစာ, သူတို့ဟာ သန်မာ တဲ့လူငယ်လေးတွေ ဖြစ်လို့ စိတ်မပူဖို့ မိဘဆွေမျိုး တွေကို စာရေးမှာ

မုတ်သုံရာသီမိုး ရွာကာနီး ဖြစ်တာကြောင့် အချိန်လုပြီး ကယ်တင်ရမယ်လို့ ထိုင်း တာဝန်ရှိသူတွေက ဆုံးဖြတ် ခဲ့ကြပြီး ဇူလိုင်လ ၈ ရက်နေ့မှာ ကယ်ဆယ်ရေး လုပ်ငန်း တွေကို စတင် ခဲ့ကြပါပြီ။ လူနာတင်ယာဉ် တွေကလည်း အနား မှာ အသင့် ရှိနေကြပြီး ဘယ်လို ကယ်တင် ကြမလဲ ဆိုတာ လူတွေက စိတ်ဝင်စားခဲ့ကြပါတယ်။

တာဝန်ရှိသူတွေကတော့ ကယ်ဆယ်ရေး လုပ်ငန်း တွေအောင်မြင်တယ်လို့ ဆိုပါတယ်။ အသေးစိတ် ကိုတော့ ထုတ်ပြန်တာ မလုပ်ပါဘူး။ မနက်ဆယ်နာရီ ကစတင်ခဲ့တဲ့ ကယ်ဆယ်ရေးက ညနေ ပိုင်းမှာ အဆုံးသတ် ခဲ့ပြီး ထိုင်းလူငယ် ၄ ဦးကို ကယ်တိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသူတွေဟာ ဘယ်သူဘယ်ဝါ တွေပါဆိုတာ ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဒါကလည်း မိဘတွေ စိတ်အနှောင့်အယှက် ဖြစ်မှာနဲ့ ကျန်ခဲ့သူတွေက အားငယ် ကြမှာ ကိုစိုးရိမ်လို့ ဖြစ်ပါတယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။ နောက်တနေ့ ကယ်ဆယ်ရေး အတွက် အောက်ဆီဂျင် ပြန်လည် ဖြည့်တင်းတဲ့ အလုပ်ကို လုပ်ရမှာမို့ နောက်တနေ့မှာ ကယ်ဆယ်ရေး ပြန်စမယ်လို့ သူတို့ က ထုတ်ပြန်ပါတယ်။

An ambulance with sirens on speeds away from the scene where children were rescued
ဓာတ်ပုံ ပုံစာ, ထိုင်းလူငယ် ကို တင်ဆောင်လာတဲ့ လူနာတင်ယာဉ် ချင်းရိုင် ဆေးရုံကို ထွက်ခွာ

ဇူလိုင် ၉ ရက်နေ့မှာလည်း ကယ်ဆယ်ရေး လုပ်ငန်း တွေကို ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။ ကျယ်ပြန်တဲ့ လုပ်ငန်းဆောင်ရွက်မှု ဖြစ်ပြီး ဂူအပြင် ရောက်ဖို့ ရေငုပ် တနည်း၊ လမ်းလျှောက် တဖုံနဲ့ ကြိုးစားခဲ့ရပြီး အန္တရာယ် ရောပြွမ်းတဲ့ ခရီးမှာ နောက်ထပ် ထိုင်းလူငယ် ၄ ဦးကို ကယ်ဆယ် နိုင်ခဲ့ပါတယ်။

Nurses pictured outside of Chiangrai Prachanukroh Hospital,
ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ခဲ့ရသူတွေကို ဆေးရုံမှာ အထူးကြပ်မတ် ကုသ၊ ၄၈ နာရီ ကြာရင် မိဘတွေနဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ဆို
Children smile after being told the news of some of the children's rescues
ဓာတ်ပုံ ပုံစာ, ကယ်ထုတ် နိုင်ပြီ ဆိုတဲ့ သတင်းကြောင့် သူငယ်ချင်းတွေ ကလည်း ပြုံးပျော်

ထိုင်း အစိုးရ က ကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပတ်သက်လို အထူး တင်းကျပ် ထားပြီး လုပ်ငန်း ဆောင်တာ အသေးစိတ်ကို ထုတ်ပြန်ချင်း မရှိသလို ဘယ်သူတွေကို အရင်ဆုံး ကယ်ထုတ် နိုင်ခဲ့တယ် ဆိုတာ ကိုလည်း ထုတ်ပြန် တာမလုပ်ပါဘူး။

ဂူထဲက သယ်ဆောင်လာခဲ့တဲ့ ကလေးတွေကို မိဘတွေနဲ့ ချက်ချင်း တွေ့ဆုံစေတာမျိုး မလုပ်တဲ့ အပြင် ရောဂါဘယ ဝင်မှာကို စိုးရိမ်တဲ့ အတွက် ကျန်မာရေး ကို စိုးရိမ်ပြီး ကြပ်မတ် ကုသ ခဲ့ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ အင်္ဂါနေ့မှာတော့ ကျန်ရှိတဲ့ ကလေး ၄ ယောက်နဲ့ နည်းပြ ဖြစ်သူ တို့ ကို အားလုံး ကယ်တင် နိုင်ခဲ့တယ်လို့ ထိုင်း တာဝန် ရှိသူတွေက ပြောပါတယ်။

Onlookers wave at ambulance going by
ဓာတ်ပုံ ပုံစာ, လူနာတင် ကားတွေ ဆိုက်လာတာနဲ့အမျှ လူတွေအားလုံး ပြုံးပျော် နှုတ်ဆက်ကြ

ကလေး ၁၂ ယောက်နဲ့ နည်းပြ ဖြစ်သူ စုစုပေါင်း ၁၃ ယောက် စလုံးကိုကယ်တင် နိုင်ပြီလို့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ခဲ့ပြီးနောက်မှာတော့ အဲဒီက လူတွေ အားလုံး ပြုံးပျော် က ခုန် နိုင်ခဲ့ပါပြီ။ ကလေး တွေ ပျောက်တယ်လို့ သိတဲ့ အချိန်ကစပြီး ကယ်တင်နိုင်ခဲ့ချိန် အထိ စုစုပေါင်း ၁၇ ရက် တိတိ ကြာပါတယ်။

အခုတော့ သူတို့ အားလုံးကို ဆေးရုံမှာ တင်ပို့ ထားရပါတယ်။ မကြာခင်မှာ တောဝက် ဘောလုံး အသင်းက လူတွေ ကို တွေ့မြင်ရနိုင်မယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

A man is pictured watching the news of the boys' rescue on a television in nearby Chiang Rai
ဓာတ်ပုံ ပုံစာ, သတင်းတွေထဲမှာလည်း စိတ်ဝင်တစား စောင့်ကြည့်ကြ
A girl wearing a hat with Wild Boar symbol
ဓာတ်ပုံ ပုံစာ, တောဝက် လေးတွေ လွတ်ဖို့ မျက်နှာဖုံးစွပ်ကာ အားပေး နေတဲ့ ထိုင်းကျောင်းသူလေး