အသုံးပြုသူ ကိုယ်ရေးအချက်အလက် ပေါက်ကြားလို့ Facebook ရှယ်ယာတွေ ဈေးကျ

ကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၃၇ ဘီလီယံအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ပုံစာ, ကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၃၇ ဘီလီယံအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
ရေးသားခဲ့သည်။

လူတယောက်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး လုံခြုံမှု ရှိရမယ့် စည်းကမ်း ဥပဒေတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံရေးသမားတွေက Facebookကို မေးခွန်းထုတ်ခဲ့အပြီးမှာတော့ ဖေ့ဘွတ်ခ်ရဲ့ ရှယ်ယာတွေ ဈေးကျခဲ့ပါတယ်။

နိုင်ငံရေးရာ ကိစ္စတွေကို ဆွေးနွေးတိုင်ပင်နိုင်တဲ့ Cambridge Analytica ကုမ္ပဏီက ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ထရမ့် အနိုင်ရဖို့ Facebook အသုံးပြုသူတွေရဲ့ အချက်အလက်ကို ရယူခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်လာခဲ့တာပါ။

Cambridge Analytica ကုမ္ပဏီက Facebook သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူခဲ့တာကို Facebookက သုံးစွဲသူတွေကို အသိမပေးဘူးလို့လည်း ဆိုပါတယ်။

Cambridge Analytica ကုမ္ပဏီကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

Cambridge Analytica ကုမ္ပဏီက Facebook သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူခဲ့တာကို ဖေ့ဘွတ်ခ်က သုံးစွဲသူတွေကို အသိမပေးဘူး
ဓာတ်ပုံ ပုံစာ, Cambridge Analytica ကုမ္ပဏီက Facebook သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူခဲ့တာကို ဖေ့ဘွတ်ခ်က သုံးစွဲသူတွေကို အသိမပေးဘူး

ဒီစွပ်စွဲချက်တွေ ရှိလာပြီးတဲ့နောက်မှာတော့ Facebookရဲ့ ရှယ်ယာတွေက နယူးယောက်မှာ ၆.၇ ရာခိုင်နှုန်းအထိကျပြီး ဈေးပိတ်သွားခဲ့ရသလို ကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၃၇ ဘီလီယံအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေဟာ စိုးရိမ်ဖို့ ကောင်းတယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ထရီဇာမေရဲ့ ပြောခွင့်ရက ပြောသလို ဗြိတိန် အချက်အလက် ကာကွယ်ရေး တာဝန်ရှိသူတွေက Cambridge Analytica ရုံးကို ရှာဖွေခွင့် ဝရမ်းထုတ်ပေးဖို့ တောင်းခံထားပါတယ်။

အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ် Amy Klobucharနဲ့ ရီပတ်ဘလီကင် လွှတ်တော်အမတ် John Kennedyတို့ကလည်း အချက်အလက် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး Facebook အမှုဆောင်အကြီးအကဲ မတ်ခ်ဇူကာဘတ်ကို မေးမြန်းဖို့ ဆန္ဒရှိနေပါတယ်။