အခွင့်အရေးထပ်ပေးတာ ကျေးဇူးတင် - ဂျန်ဆန် ဟွမ်

ဗီဒီယို ပုံစာ, အခွင့်အရေးထပ်ပေးလို့ ကျေးဇူးတင်ကြောင်း ဂျန်ဆန်ဟွမ်ပြော
အခွင့်အရေးထပ်ပေးတာ ကျေးဇူးတင် - ဂျန်ဆန် ဟွမ်
ရေးသားခဲ့သည်။

ဉာဏ်ရည်တုနည်းပညာ(အေအိုင်)အတွက် အရေးကြီးတဲ့ချပ်စ်ပြားထုတ်ကုမ္ပဏီ Nvidia ဟာ ဂျန်ဆန်ဟွမ်ကို အမှုဆောင်ချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပါတယ်။

တရုတ်သူလျှိုလို့စွပ်စွဲခံရသူအမျိုးသမီးတစ်ဦးနဲ့ ခြေရှုပ်ခဲ့တာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရပြီး သီတင်း ၂ ပတ်တောင် မပြည်သေးတဲ့အချိန်အတွင်း ရာထူး ပြန်ရတာဖြစ်ပါတယ်။

ဟွမ်ရဲ့ ရုံးပြန်အတက်ကို လက်ခုပ်လက်၀ါးတီး ကြိုဆိုခဲ့ကြပြီး ''ဒုတိယအကြိမ် အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်တင်ကြောင်း'' ဟွမ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း ထိုးကျခဲ့တဲ့ကုမ္ပဏီ ရှယ်ယာတွေဟာလည်း သူ အမှုဆောင်ချုပ်ပြန်ဖြစ်ပြီိဆိုတဲ့သတင်းကြောင့် ပြန်ထိုးတက်လာပါတယ်။

ဟွမ်ဟာ လာမယ့်သီတင်းပတ်မှာတော့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကြားနာမှုကို တက်ရောက်ရမှာဖြစ်ပါတယ်။.

#ဘီဘီစီမြန်မာပိုင်း #ဂျန်ဆန်ဟွမ် #Nvidia #AI