အမေရိကန် ရွေးကောက်ပွဲ
အမေရိကန် ရွေးကောက်ပွဲ သတင်းများ
တိုက်ရိုက် ထုတ်လွှင့်ချက်
အာဖဂန်နစ္စတန်- IS-K အဖွဲ့ပေါ်ပေါက်ရေးစီစဉ်နေသူကို ဒရုန်းသုံး ချေမှုန်းနိုင်ခဲ့ဟု အမေရိကန်ပြော
ကာဘူးလ်တိုက်ခိုက်မှု- အမေရိကန်တပ်သား ၁၃ ဦး ကျခဲ့လို့ တိုက်ခိုက်သူကို လက်တုံ့ပြန်မယ်လို့ သမ္မတဘိုင်ဒန်ပြော
“ငါချစ်တဲ့မြို့မှာ ချက်ချင်း ဘယ်နေရာမှာမှ မလုံခြုံတော့ဘူး” - အာဖဂန်သတင်းထောက် ဘိုင်လယ် ဆာဝါရီ
အာဖဂန်က အခြေအနေတွေကြောင့် 9/11 တိုက်ခိုက်မှုမှာ ထိခိုက်ခဲ့သူတွေ စိုးရိမ်
အမေရိကန်တပ်တွေ ဆုတ်ခွာမယ့်ရက်ကို နောက်ဆုတ်မှာမဟုတ်
အာဖဂန်ကို သိမ်းလိုက်တဲ့ တာလီဘန်နဲ့ ရုရှားတို့ ဘယ်လိုဆက်ဆံရေး ရှိနေခဲ့သလဲ
တကျော့ပြန် တာလီဘန်ရဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှု
အာဖဂန်နစ္စတန် - တာလီဘန်အောင်ပွဲရဲ့ အိန္ဒိယနဲ့ တောင်အာရှ ဒေသအပေါ် ရိုက်ခတ်မှု
မိုက်ကယ်အောင်သွင် ၊ ဒီမိုကရေစီဂျီဟတ်နဲ့ သမိုင်းအမြင်သစ်
အာဖဂန်က ကန်တပ်တွေ ဆုတ်ခွာတဲ့အပေါ် ဂျိုးဘိုင်ဒန်ကာကွယ်
ဆိုင်ဂုံကျဆုံးခန်းနဲ့ ကာဘူးလ်မြို့စွန့်ခွာမှုကို ဘာကြောင့်နှိုင်းယှဥ်ကြတာလဲ
အာဖဂန်စစ်ပွဲအတွက် ငွေတွေ ဘယ်လောက်ကုန်ခဲ့ကြလဲ
တရုတ်နဲ့ အမေရိကန် လေယာဥ်တင် သင်္ဘောများ နှိုင်းယှဥ်ချက်
ကျန်းမာရေးဝန်ထမ်းတွေ ၆ လ အတွင်း အကြိမ်ပေါင်း ၂၅၀ ကျော် တိုက်ခိုက်ခံရ
မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရပြီး ၆ လတာ (ဖေဖေါ်ဝါရီ-ဇူလိုင်) ကာလ အတွင်း မှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးသူတွေ အပေါ် စစ်တပ်က တိုက်ခိုက်မှု ၂၅၂ ကြိမ် ရှိခဲ့တယ်ဆိုပြီး “ပဋိပက္ခအတွင်း ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု ရရှိစေရေး ညွန့်ပေါင်းအဖွဲ့ ဆိုတဲ့” နိုင်ငံတကာ INGO အဖွဲ့က ပြောပါတယ်။
ဝါရှင်တန် ဒီစီမြို့ အခြေစိုက် အဲဒီအဖွဲ့က “မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍ အကြမ်းဖက်ခံရမှု၊ နှောင့်ယှက်ထိပါး ခံရမှု ဖြစ်ရပ်များ” ဆိုတဲ့ အစီရင်ခံစာ တစ်စောင်ကို အခု ရက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဝန်ထမ်း ၁၉၂ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး၊ စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးသူ သိထားရသမျှ ၂၇ ယောက်၊ ဒဏ်ရာရသူ ၃၆ ယောက် ရှိတယ်လို့ အဲဒီ အစီရင်ခံစာထဲ ရေးထားပါတယ်။
ဒါ့အပြင်၊ ဆေးရုံ ၈၆ ခု စီးနင်း ခံခဲ့ရပြီး ၅၅ ခုမှာ စစ်တပ်က တပ်စွဲ နေရာယူထားတယ်၊ စစ်တပ်ရဲ့ လက်နက်ကြီး ဒဏ်ကြောင့် ကျန်းမာရေး ဆိုင်ရာ နေရာထိုင်ခင်းတွေ ထိခိုက် ပျက်စီးရတာမျိုး အကြိမ်ပေါင်း ၁၇ ကြိမ် ပေါ်ပေါက် ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာထဲ စာရင်းပြုစု ဖော်ပြထားတာ တွေ့ရပါတယ်။
ရန်ကုန် နဲ့ မန္တလေး မြို့ကြီး နှစ်ခုမှာ ပစ်မှတ်ထား အခံရဆုံး ဖြစ်ပြီး၊ စစ်အာဏာပိုင် တွေရဲ့ လက်ချက်မဟုတ်တဲ့ ဖြစ်ရပ်ပေါင်း ၁၅ ခုကိုလည်း သူတို့ သိရှိ ထားတယ်လို့ ဆိုပါတယ်။
ပဋိပက္ခနေရာတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေကို အန္တရာယ် မပြုရဘူး၊ လုံခြုံမှု အပြည့်အဝ ရှိစေရမယ်ဆိုတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အဲဒီ ညွန့်ပေါင်း အဖွဲ့က ထောက်ပြပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံထဲ ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် လုပ်ဆောင်ကြဖို့လည်း နိုင်ငံတကာ မိသားစုကို အဲဒီ ညွန့်ပေါင်း အဖွဲ့က တောင်းဆိုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, safeguardinghealth.org
ဓာတ်ပုံ ပုံစာ, ပဋိပက္ခအတွင်း ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု ရရှိစေရေး ညွန့်ပေါင်းအဖွဲ့ တာလီဘန်တွေ အချိန်တိုအတွင်း နယ်မြေတွေ ဘယ်လို သိမ်းပိုက်နိုင်ခဲ့သလဲ
အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ ဆုတ်ခဲ့တဲ့အပေါ် နောင်တမရပါလို့ ဘိုင်ဒန်ပြော
ဒေါ်လာ ၅၀၀၀ နဲ့ မြန်မာသံအမတ်ကို လုပ်ကြံရန်ကြိုးပမ်းမှုကြီး
ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို FBI ဖမ်းဆီး အမှုဖွင့်ထားပြီ
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ပုဒ်မတပ် အရေးယူထားတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တောင်ပိုင်းဒီစတြိတ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။
ဖြိုးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် အသက် ၂၀ တို့ နှစ်ယောက်ကို အမြင့်ဆုံး ၅ နှစ် အထိ ထောင်ချနိုင်တဲ့ ပုဒ်မနဲ့ အမေရိကန် တရားရေး အာဏာပိုင်တွေက အရေးယူ လိုက်တာ ဖြစ်ပါတယ်။
အဲဒီ မြန်မာနိုင်ငံသား နှစ်ယောက်ဟာ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ မြန်မာအာဏာသိမ်း စစ်တပ် အတွက် အလုပ်လုပ်ပေးနေတဲ့ ထိုင်းနိုင်ငံထဲက လက်နက်ပွဲစား တစ်ယောက်နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့သူတွေ ဖြစ်ပြီး အဲဒီနှစ်ယောက်ကို နယူးယောက်မြို့မှာ လက်ရ ဖမ်းဆီးမိထားတယ်လို့လည်း အမေရိကန် တရားရေး အာဏာပိုင်တွေက ဆိုပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ သူ့မှာ အန္တရာယ်ရှိနေပြီလို့ အမေရိကန် အာဏာပိုင်တွေထံ တရားဝင် တိုင်တမ်းခဲ့တဲ့နောက် အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့က ဒီအမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ဖြိုးဟိန်းထွဋ်ဟာ သူ့ကို ထိုင်းနိုင်ငံထဲက လက်နက်ပွဲစားက အွန်လိုင်းကနေ ဆက်သွယ်လာပြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ ငွေပေးခိုင်းစေခဲ့တယ်လို့ FBI အရာရှိတွေထံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားပြု ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် နေရာကနေ ထွက်ပေးအောင် အကြမ်းနည်းသုံး ခြိမ်းခြောက်ဖိအား ပေးတဲ့ အနေနဲ့ တိုက်ခိုက်ဖို့ရာ ထိုင်းမှာရှိတဲ့လူက ညွှန်ကြား ခိုင်းစေတာလို့ နားလည်ရပါတယ်။
တကယ်လို့ သံအမတ်ကြီးက ရာထူးနေရာကနေ ဖယ်မပေးဘူးလို့ ဆက်လက် ငြင်းဆန်နေမယ် ဆိုရင် သတ်ပစ်ဖို့ အထိ အဲဒီ လက်နက်ပွဲစားက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းရဲ့ ကားတိမ်းမှောက် သွားအောင် ပြုလုပ်ဖို့ တိုင်ပင်ထားခဲ့ကြတယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။
ဇူလိုင်လ လကုန်ပိုင်းမှာတော့ ရဲဟိန်းဇော် ဆိုသူဟာ ဖြိုးဟိန်းထွဋ်နဲ့ ဆက်သွယ်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုတွေ ပြီးမြောက်သွားရင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ရမယ်လို့ သဘောတူထားတယ်လို့လည်း ဖြိုးဟိန်းထွဋ်က ထွက်ဆိုပါတယ်။
ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့အတွက် လုံခြုံရေးကို စေတနာ့ ဝန်ထမ်း တာဝန်ယူပေးနေသူ တစ်ယောက်ကို ဖြိုးဟိန်းထွဋ်က စတင် ဝန်ခံ ပြောဆိုခဲ့ရာကနေ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ ဒီအမှုကိစ္စ ပေါ်ပေါက်လာတာလို့ နားလည်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း လက်နက်မှောင်ခိုသွင်းမှုနဲ့ အမေရိကန်သေနတ်ကုမ္ပဏီတွေကို မက္ကဆီကိုက တရားစွဲ
