အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ၃ နှစ်ပြည့်
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု ၃ နှစ်ပြည့်
ရေးသားခဲ့သည်။
အစ္စရေးထဲကို ဟားမတ်စ်က ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ၃ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၁,၂၀၀ ထက်မနည်း သေဆုံးပြီး ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ရေးရာ သတင်းထောက် ယိုလန်နဲလ်က အဲဒီ အောက်တိုဘာ ၇ ရက် က တိုက်ခိုက်ခံခဲ့ရတဲ့ လူနေဒေသတွေထဲက တခု ဖြစ်တဲ့ နီယာသြော့ဇ် က ကစ်ဘွတ်ဇ်ကို ရောက်ရှိခဲ့ပါတယ်။ သူ့သတင်းကို မသီရိဇော်က ပြန်ပြောပြမှာပါ။



