အင်ဒိုနီးရှား ဘော်ဒါကျောင်းတွေက လိင်ကျူးလွန်မှု ပြဿနာ
အင်ဒိုနီးရှား ဘော်ဒါကျောင်းတွေက လိင်ကျူးလွန်မှု ပြဿနာ
ရေးသားခဲ့သည်။
အရွယ်မရောက်သေးတဲ့ အင်ဒိုနီးရှား ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ ထောင်ချခံရတဲ့ ကျောင်းဆရာ ထောင်က စောလွတ်လာတာကို BBC Eye အစီအစဉ်က စုံစမ်းတွေ့ရှိထားပါတယ်။ နစ်နာသူတွေဘက်ကတော့ ဒီကိစ္စဟာ အဖွဲ့အစည်းတွေအတွင်း ဖုံးကွယ်မှုတခု ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဘက်ကီးလို့ လူသိများတဲ့ အဲဒီအမျိုးသားဟာ သူ အလုပ်လုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာရေး ဘော်ဒါဆောင်ကျောင်းကို တည်ထောင်ခဲ့တဲ့ သြဇာကြီးမားတဲ့ ဘာသာရေးခေါင်းဆောင်တဦးရဲ့ သားဖြစ်ပါတယ်။ ဘော်ဒါကျောင်းတွေမှာ ဖြစ်နေတဲ့ လိင်ပိုင်းကျူးလွန်မှုတွေဟာ အရေးပေါ် အဆင့် ရောက်နေပြီလို့ အင်ဒိုနီးရှား အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေး ကော်မရှင်က ဆိုပါတယ်။ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်က Rebecca Henschke ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။ အခု သတင်းမှာ စိတ်ထိခိုက်စရာ ထွက်ဆိုချက်များ ပါဝင်နိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။



