ပစ္စည်းမှောင်ခိုကားအမိုးပေါ် ကီလိုမီတာ ၄၀ တွယ်လိုက်သွားတဲ့ရဲ
ပစ္စည်းမှောင်ခိုကားအမိုးပေါ် ကီလိုမီတာ ၄၀ တွယ်လိုက်သွားတဲ့ရဲ
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ထဲမှာ မှောင်ခိုပစ္စည်းတွေတင်လာတဲ့ လူစီးကားတစ်စီးကို လိုက်ဖမ်းတဲ့ရဲက မောင်းပြေးတဲ့ အဲဒီကားခေါင်မိုးပေါ် ကီလိုမီတာ ၄၀ လောက်ပါသွားခဲ့ပါတယ်။ ကားထဲမှာ ဂွတ်ခါလို့ခေါ်တဲ့ တားမြစ်ဆေးရွက်လို ပစ္စည်းတွေသယ်လာတာလို့ ဆိုပါတယ်။ ရဲတွေက ကားကိုလိုက်တားပြီး နောက်ဆုံးမှာတော့ လမ်းကို ပိတ်လို့ ဖမ်းလိုက်နိုင်ပါတယ်။ ခေါင်မိုးပေါ်ကရဲလည်း ဘေးအန္တရာယ်မရှိခဲ့ဘူးလို့ သိရပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ရဲ #ရာဇဝတ်မှု #ပြစ်မှု



