ယူစိန်ဘို့ရဲ့ မီတာ ၁၀၀ စံချိန်ကို ချိုးခဲ့တဲ့စက်ရုပ်
ယူစိန်ဘို့ရဲ့ မီတာ ၁၀၀ စံချိန်ကို ချိုးခဲ့တဲ့စက်ရုပ်
ရေးသားခဲ့သည်။
တရုတ်မှာလုပ်ခဲ့တဲ့ ကမ္ဘာ့လူသားပုံစက်ရုပ်များပြိုင်ပွဲမှာ တရုတ်က ထုတ်လုပ်တဲ့စက်ရုပ်တစ်ရုပ်က ကမ္ဘာ့အမြန်ဆုံးလူသားလို့ တင်စားခံထားရတဲ့ ဂျမေကာအပြေးချန်ပီယံ ယူစိန်ဘို့ရဲ့ မီတာ ၁၀၀ စံချိန်ကို ချိုးလိုက်ပါတယ်။ အိုလံပစ်ပြိုင်ပွဲတွေမှာ ရှစ်ကြိမ်ချန်ပီယံဖြစ်ထားတဲ့ ဘို့က ၂၀၀၉ မှာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ပြေးပြီး ကမ္ဘာ့စံချိန်တင်ထားတာပါ။ အခုလုပ်ခဲ့တဲ့ စက်ရုပ်ပြိုင်ပွဲမှာတော့ ဘေဂျင်းလူသားပုံစက်ရုပ်တီထွင်ထုတ်လုပ်ရာဌာနက စက်ရုပ်က တခြားစက်ရုပ်တွေကို ကျော်ဖြတ်ပြီး ၉.၃၉ စက္ကန့်နဲ့ စံချိန်တင်ပြေးသွားခဲ့ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #စက်ရုပ် #နည်းပညာ #တရုတ်



