အမေ့အတွက် တစ်အိမ်လုံး သစ်ပင်စိုက်ပေးတဲ့ သား
အမေ့အတွက် တစ်အိမ်လုံး သစ်ပင်စိုက်ပေးတဲ့ သား
ရေးသားခဲ့သည်။
ပါကစ္စတန်မှာ အမေဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း သားက အိမ်တစ်ခုလုံးမှာ သစ်ပင် ၅,၇၀၀ ကျော် စိုက်ပေးထားတဲ့ အိမ်တစ်လုံးရှိနေပါတယ်။ မီယန် အာဆဂါ အလီဟာ သူ့အမေက စိမ်းစိုတဲ့ သစ်ပင်တွေနဲ့ ခြံလေးတစ်ခုရချင်တယ်လို့ ပြောလိုက်တာကြောင့် ၂၀၁၆ ကစလို့ အိမ်ထဲမှာ သစ်ပင်တွေ စိုက်ခဲ့တာပါ။ ပထမတော့သူက မဖြစ်နိုင်ဘူး၊ အိမ်မှာ သစ်ပင်စိုက်စရာနေရာမရှိဘူးလို့ ပြန်ပြောခဲ့ပါတယ်။ သူ့အမေ စိတ်ညစ်သွားတာကို တွေ့ရတဲ့အခါ သူ ဖြစ်အောင်လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။ အခုဆိုသူဟာ တစ်အိမ်လုံး အတွင်းအပြင် ရှိသမျှနေရာတွေမှာ သစ်ပင်တွေစိုက်နေတာ ရူပီးလေးသန်း (ဒေါ်လာ ၁၄,၄၃၀) လောက် သုံးပြီးနေပါပြီ။ •
#ဘီဘီစီမြန်မာပိုင်း #မိခင် #သဘာဝပတ်ဝန်းကျင် #ပါကစ္စတန်



