ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းမြောက်မှာ မြေရှားသတ္တုတူးဖို့ စမ်းသပ်
ရှမ်းမြောက်မှာ မြေရှားသတ္တုတူးဖို့ စမ်းသပ်
ရေးသားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ တရုတ်စကား ပြောသူတွေက မြေရှားသတ္တုတူးဖို့ စမ်းသပ်တာတွေ ပြုလုပ်နေတယ်လို့ တအာင်း သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က ဒီလထဲ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ တရုတ်တွေရဲ့ မြန်မာမှာ မြေရှားလာရောက် တူးဖော်မှုတွေက ကချင်ပြည်နယ်ထဲတင် မကတော့ဘဲ ကိုးကန့်နဲ့ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေအထိ ရောက်လာတာပါ။ ဒီအကြောင်း ကိုမောင် ပြောပြမှာပါ။