ဓာတ်အားလိုင်းနဲ့ငြိပြီး တွဲလောင်းဖြစ်နေတဲ့ ပါရာဂလိုက်ဒါ
ဓာတ်အားလိုင်းနဲ့ငြိပြီး တွဲလောင်းဖြစ်နေတဲ့ ပါရာဂလိုက်ဒါ
ရေးသားခဲ့သည်။
အိန္ဒိယမြောက်ပိုင်း မန်ဒီမြို့မှာ ရုရှားလူမျိုး ပါရာဂလိုက်ဒါစီးသူတစ်ယောက် မြေပြင်က မီတာ ၈၀ နီးပါးမှာ ဓာတ်အားပေးလိုင်းကြိုးတစ်ခုနဲ့ ငြိပြီး သုံးနာရီကြာအောင် တွဲလောင်းဖြစ်နေခဲ့ပါတယ်။ အဲဒီဓာတ်အားလိုင်းက လျှပ်စစ်ဓာတ်အားအပြင်းစားလွှတ်ထားတဲ့ လိုင်းပါ။ သူဟာ ဂလိုက်ဒါစီးသူတွေ အလာများတဲ့ ဟီမာချာပရာဒက်ရှ်ပြည်နယ်က ဘီရာဘီလင်း စခန်းကနေ စထွက်လာခဲ့တာပါ။ သူ့ကို ဟိုက်ဒရောလစ်ကရိန်းနဲ့ ဆွဲချကယ်တင်ပေးခဲ့ပြီး ဒဏ်ရာတွေကုသပေးဖို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ပါရာဂလိုက်ဒါ



