အသံတိတ်ဖို့ သတိပေးတာခံရတဲ့အမေရိကန်ကာကွယ်ရေး၀န်ကြီး

ဗီဒီယို ပုံစာ, အသံတိတ်ဖို့ သတိပေးခံရတဲ့အမေရိကန်၀န်ကြီး
အသံတိတ်ဖို့ သတိပေးတာခံရတဲ့အမေရိကန်ကာကွယ်ရေး၀န်ကြီး
ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်အမျိုးသားသုဿန်က စစ်ပြန်နေ့အထိမ်းအမှတ်ကို တက်ရောက်တဲ့ ကာကွယ်ရေး၀န်ကြီး ပိထ် ဟက်ဆတ်နဲ့ ဧည့်သည်တွေဟာ အသံတိုးတိတ်ဖို့ အညတရစစ်သည်ဗိမ္မာန်စောင့် တပ်ဖွဲ့၀င်ရဲ့သတိပေးတာ ခံလိုက်ရပါတယ်။

၀န်ကြီး၊ သူ့ဇနီးနဲ့ အမေရိကန်အကြီးတန်းအရာရှိတွေ အညတရစစ်သည်ဗိမ္မာန်ရှေ့မှာ စုပေါင်းဓာတ်ပုံ အရိုက်ခံပြီးတဲ့နောက် စကားပြော ရယ်မောနေချိန်မှာ အသံတိုးတိတ်ဖို့ အမေရိကန်စစ်သည်က သတိပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကတော့ သတိပေးခဲ့တဲ့တပ်ဖွဲ့၀င်ဟာ သူ့တာ၀န်ကို သူထမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတယ်လို့ နောက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီအခိုက်အတန့်ကို ရုပ်သံမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #PeteHegseth