သမ္မတဘေးကအစောင့်တွေ မူးလဲကျ

ဗီဒီယို ပုံစာ, သမ္မတဘေးကအစောင့်တွေ မူးလဲကျ
သမ္မတဘေးကအစောင့်တွေ မူးလဲကျ
ရေးသားခဲ့သည်။

ပြင်သစ်မှာ သမ္မတ အီမန်နျူရယ်မက်ခရွန်က အလည်ရောက်လာတဲ့ ဆလိုဗက်သမ္မတ ပီတာပယ်လီဂရီနီကို ကြိုဆိုတဲ့အခမ်းအနားမှာ ပြင်သစ် ဂုဏ်ပြုတပ်ဖွဲ့အစောင့်နှစ်ယောက် ဆက်တိုက်သလို မူးလဲကျသွားကြပါတယ်။ တီဗီမှာ မြင်နေရတဲ့အချိန်မှာတော့ အစောင့်တစ်ယောက်လဲကျသွားပြီး မက်ခရွန်နဲ့အနားကလူတွေက သူ့ဆီသွားကူ သွားထူကြတာတွေ့ရပါတယ်။ မြင်ကွင်းမှာ ပေါ်မနေတဲ့တခြားဘက်မှာလည်း နောက်တစ်ယောက်လဲကျသွားခဲ့ပါတယ်။ နှစ်ယောက်စလုံး အခြေအနေကောင်းတယ်လို့ သိရပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #မက်ခရွန် #ပြင်သစ်