ဆော်ဒီရဲ့ ရေနံလုပ်ကွက်တွေကို ဟူသီသူပုန်တွေတိုက်ခိုက်

ဗီဒီယို ပုံစာ, ဆော်ဒီရဲ့ ရေနံလုပ်ကွက်တွေကို ဟူသီသူပုန်တွေတိုက်ခိုက်
ဆော်ဒီရဲ့ ရေနံလုပ်ကွက်တွေကို ဟူသီသူပုန်တွေတိုက်ခိုက်
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဆော်ဒီအာရေဗျရဲ့ ရေနံထုတ်လုပ်တင်ပို့တဲ့ ကုမ္ပဏီပိုင် နေရာတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ယီမင်ထဲက ဟူသီသူပုန်တွေက ကြေညာခဲ့အပြီးမှာ ရေနံဈေးတွေ ပြန်တက်လာပါတယ်။

အဲဒါကြောင့် ဘရန့် ရေနံစိမ်းဈေးဟာ တစည်ကို ၁၀၃ ဒေါ်လာ နီးပါးအထိ တက်လာပါတယ်။ ဆော်ဒီအာရေဗျက ထောက်ပံ့ပေးထားတဲ့ ယီမင်အစိုးရကလည်း တိုင်းပြည်အတွင်းမှာ ဟူသီသူပုန်တွေ ချုပ်ငြိမ်းသွားဖို့ စစ်ဆင်ရေးတွေ စတင်နေပြီ ဖြစ်ကြောင်း ပြောပါတယ်။

ဟူသီတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဟူသီတွေက ဆော်ဒီအာရေဗျထဲက ရေနံ ချက်လုပ် ထုတ်လုပ် တင်ပို့ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့သလို အရေးပါတဲ့ ဘဘ် အဲလ် မန်ဒက်ဘ် ရေလက်ကြားထဲမှာလည်း သင်္ဘောတွေ သွားလာလို့ မရအောင် ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဆီဘက်စတီယန် အာရှာ ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။