တရုတ်နယ်စပ်ကနေ သွင်းလာတဲ့ ကုန်တွေကို ပိတ်ဆို့ ဖမ်းဆီးနေ
တရုတ်နယ်စပ်ကနေ သွင်းလာတဲ့ ကုန်တွေကို ပိတ်ဆို့ ဖမ်းဆီးနေ
ရေးသားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းမှန်သမျှကို ဒီလဆန်းပိုင်းကစပြီး တရားမဝင်ကုန်စည်ဆိုပြီး ပိတ်ဆို့ ဖမ်းဆီးနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ အရင်ကလည်း ဖမ်းဆီးမှုတွေရှိပေမဲ့ လမ်းကြောင်းမျိုးစုံနဲ့ တင်သွင်းခွင့်ရနေတာကြောင့် ပြည်တွင်းဈေးကွက်မှာ ပစ္စည်းမပြတ်ဘဲ အခုတော့ ပစ္စည်း ပြတ်လပ်မှုနဲ့ ဈေးနူန်းမြင့်တက်မှုတွေကြုံနေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။ အများစုဟာ ညီနောင်မဟာမိတ်အဖွဲ့ကို အခွန်ပေးပြီးသယ်နေတာကြောင့် အခုလို ပိုတင်းကျပ်တာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ် နေကြပါတယ်။ မတာရာက စုစည်းပြောပြပါမယ်။



