ထိုင်းက မြန်မာသံရုံးမှာ PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် နှစ်လခန့်ကြာနိုင်

ဗီဒီယို ပုံစာ, ထိုင်းမြန်မာသံရုံးမှာ PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် နှစ်လခန့်ကြာနိုင်
ထိုင်းက မြန်မာသံရုံးမှာ PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် နှစ်လခန့်ကြာနိုင်
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက အလည်အပတ် နိုင်ငံကူးလက်မှတ် PV စာအုပ်သက်တမ်းကုန်လို့ အသစ်လဲလှယ်ရင် နေပြည်တော်ရဲ့ခွင့်ပြုချက် မဖြစ်မနေ လိုအပ်လာတော့မှာဖြစ်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးနဲ့နီးစပ်တဲ့အကျိုးဆောင်တွေနဲ့ ထိုင်းရောက် မြန်မာတွေကပြောပါတယ်။ အရင်လို မြန်မာသံရုံးမှာပဲ နေ့ချင်းပြီးသက်တမ်းတိုးလို့မရတော့ဘဲ အနည်းဆုံးနှစ်လခန့် ကြာမြင့်မှာ ဖြစ်ပြီး နိုင်ငံခြားရေးဌာနကနေတစ်ဆင့် ပြည်ထဲရေးဌာနဆီတင်ပြပြီး ခွင့်ပြုချက်ရမှပဲ တိုးလို့ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုတင်းကျပ်မှုတွေကြောင့် ထိုင်းရောက်မြန်မာတွေ ဘယ်လိုအခက်အခဲ ရှိလာနိုင်ပါသလဲ။ ဒီအကြောင်း မသင်းသင်းနွယ်က စုစည်းပြောပြပေးမှာပါ