ဒေလီမြို့တော်မှာ လျှပ်စစ်ကားတွေ သုံးဖို့ ပိုတွန်းအားပေး
ဒေလီမြို့တော်မှာ လျှပ်စစ်ကားတွေ သုံးဖို့ ပိုတွန်းအားပေး
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံက ဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှုတွေ ပိုဆိုးလာနေပါတယ်။ ဒါကို လျှော့ချနိုင်ဖို့ ဒေသအစိုးရက မြို့ခံ လူထုကို လျှပ်စစ်ကားတွေ ပိုသုံးစွဲကြဖို့ သိသိသာသာ တွန်းအားပေးလာနေပါတယ်။ ဒေလီမှာ လျှပ်စစ်ကား ဝယ်ယူသုံးစွဲမယ် ဆိုရင် အခွန်လျှော့ပေးတာမျိုးတွေတောင် လုပ်ပေးနေပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး မြို့တော်အဖြစ် ဓာတ်ဆီသုံးရတဲ့ စကူတာတွေ၊ ဆိုင်ကယ်တွေနဲ့ ဘေးတွဲတွေကို ကို စတင် ရှင်းလင်းမယ့် စည်းကမ်းဥပဒေတွေကို ချမှတ်ပြီး စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် အရုမ်နိုဒေး မူခါဂျီ ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



