ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေးမျက်နှာရေဘေး ကူညီရေး ခက်ခဲနေ
လေးမျက်နှာရေဘေး ကူညီရေး ခက်ခဲနေ
ရေးသားခဲ့သည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲမှာ ဒီနေ့အထိ ရေကြီးနစ်မြုပ်နေဆဲဖြစ်ပြီး ငဝန်မြစ်ရေဆက်တိုးနေတာနဲ့ ငါးသိုင်းချောင်းကနေ လေးမျက်နှာအသွားလမ်းပေါ်က အိုင်သပြုမှာပါ လမ်းပြတ်တောက်သွားတာကြောင့် ပိတ်မိနေသူတွေကိုအရေးပေါ် ကယ်ဆယ်ရေးအတွက် ကြန့်ကြာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒါအပြင် ငါးသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့တွေဘက်က ကျေးရွာတချို့အထိပါ ရေဝင်နေတယ်လို့လည်းဆိုပါတယ်။ ဒီအခြေအနေတွေအကြောင်း မတာရာက စုစည်းပြောပြပါမယ်။